• Follow Us on
Latest News

Home ဖားကန႔္ လယ္ျပင္ဂိတ္မွာ ဆီေပပါအတြင္းမွ ေက်ာက္စိမ္းအရိုင္းတုံးမ်ားဖမ္းဆီးရမိ

ဖားကန႔္ လယ္ျပင္ဂိတ္မွာ ဆီေပပါအတြင္းမွ ေက်ာက္စိမ္းအရိုင္းတုံးမ်ားဖမ္းဆီးရမိ

Share this post

ဖားကန႔္၊ ၾသဂုတ္ ၂၆

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္၊ လုံးခင္းေက်း႐ြာအုပ္စု၊ လယ္ျပင္ပူးေပါင္းစစ္ေဆးေရးဂိတ္ တြင္ ကားတစ္စီးေပၚတင္ေဆာင္လာေသာ ဆီေပပါအတြင္းမွ ေက်ာက္စိမ္းအရိုင္းတုံးမ်ားကို ၾသဂုတ္လ ၂၆ရက္ေန႕က ဖမ္းဆီးရမိခဲ့ေၾကာင္း လုံးခင္းနယ္ေျမရဲစခန္းမွ သိရသည္။

အဆိုပါ ဂိတ္တြင္ ယာဥ္မ်ားကို စစ္ေဆးရွာေဖြေနစဥ္ ဖားကန႔္ဘက္မွ ကားမိုင္းဘက္သို႔ေမာင္းလာေသာယာဥ္တစ္စီးကို ရပ္တန႔္စစ္ေဆးရာ ယာဥ္ေပၚတြင္ ဆီေပပါအခြံ(၆၀)လုံးကို တင္ေဆာင္လာသည္ကို ေတြ႕ရွိၿပီး ၎ေပပါခြံမ်ား အနက္မွ ေပပါ(၁၂)လုံးကို မသကၤာဖြယ္ ေတြ႕ရွိရသျဖင့္ သက္ေသမ်ားႏွင့္အတူယာဥ္အား လုံးခင္းနယ္ေျမရဲစခန္းသို႔ ေမာင္းႏွင္ေစၿပီး သက္ေသမ်ားေရွ႕ ဖြင့္ေဖာက္စစ္ေဆးရာ ဆီေပပါအခြံ(၆၀)လုံးအနက္မွ ထိပ္ဝဖြင့္ထားေသာ ေပပါ(၂၀)လုံးတြင္ ပီနန္အိတ္မ်ားျဖင့္ထည့္လွ်က္ ေက်ာက္စိမ္းဟု ယူဆရသည္ ေက်ာက္စိမ္းအရိုင္းတုံးအ႐ြယ္အစားဆိုဒ္စုံ ၉၈ အိတ္ႏွင့္ အေလးခ်ိန္ (၄၃၇၀) ကီလိုခန႔္ကို ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေက်ာက္စိမ္း အရိုင္းတုံးမ်ားကို သယ္ေဆာင္လာသူ သုံးဦး ကို လုံးခင္းနယ္ေျမရဲစခန္းမွ ေက်ာက္မ်က္ဥပေဒပုဒ္မ ၅၁/(က)၅၄ ျဖင့္ အမူဖြင့္အေရးယူထား
ေၾကာင္းသိရသည္။

ေကသီ၊ ေနာေနာ္

ပုံ။ လုံးခင္းနယ္ေျမရဲစခန္း

#PeopleMedia

[Unicode]
ဖားကန့် လယ်ပြင်ဂိတ်မှာ ဆီပေပါအတွင်းမှ ကျောက်စိမ်းအရိုင်းတုံးများဖမ်းဆီးရမိ
……………………………………………………………………

ဖားကန့်၊ သြဂုတ် ၂၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင်ပူးပေါင်းစစ်ဆေးရေးဂိတ် တွင် ကားတစ်စီးပေါ်တင်ဆောင်လာသော ဆီပေပါအတွင်းမှ ကျောက်စိမ်းအရိုင်းတုံးများကို သြဂုတ်လ ၂၆ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း လုံးခင်းနယ်မြေရဲစခန်းမှ သိရသည်။

အဆိုပါ ဂိတ်တွင် ယာဉ်များကို စစ်ဆေးရှာဖွေနေစဉ် ဖားကန့်ဘက်မှ ကားမိုင်းဘက်သို့မောင်းလာသောယာဉ်တစ်စီးကို ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် ဆီပေပါအခွံ(၆၀)လုံးကို တင်ဆောင်လာသည်ကို တွေ့ရှိပြီး ၎င်းပေပါခွံများ အနက်မှ ပေပါ(၁၂)လုံးကို မသင်္ကာဖွယ် တွေ့ရှိရသဖြင့် သက်သေများနှင့်အတူယာဉ်အား လုံးခင်းနယ်မြေရဲစခန်းသို့ မောင်းနှင်စေပြီး သက်သေများရှေ့ ဖွင့်ဖောက်စစ်ဆေးရာ ဆီပေပါအခွံ(၆၀)လုံးအနက်မှ ထိပ်ဝဖွင့်ထားသော ပေပါ(၂၀)လုံးတွင် ပီနန်အိတ်များဖြင့်ထည့်လျှက် ကျောက်စိမ်းဟု ယူဆရသည် ကျောက်စိမ်းအရိုင်းတုံးအရွယ်အစားဆိုဒ်စုံ ၉၈ အိတ်နှင့် အလေးချိန် (၄၃၇၀) ကီလိုခန့်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကျောက်စိမ်း အရိုင်းတုံးများကို သယ်ဆောင်လာသူ သုံးဦး ကို လုံးခင်းနယ်မြေရဲစခန်းမှ ကျောက်မျက်ဥပဒေပုဒ်မ ၅၁/(က)၅၄ ဖြင့် အမူဖွင့်အရေးယူထား
ကြောင်းသိရသည်။

ကေသီ၊ နောနော်

ပုံ။ လုံးခင်းနယ်မြေရဲစခန်း

#PeopleMedia


Share this post