• Follow Us on
Latest News

Home ဖိချစ်ကိစ္စနဲ့ပတ်သက်ပြီး တရားရုံးကို အကျိုးသင့်အကြောင်းသင့်ရှင်းပြနိုင်မယ်လို့ ဆရက်ထာယုံကြည်မှုရှိ

ဖိချစ်ကိစ္စနဲ့ပတ်သက်ပြီး တရားရုံးကို အကျိုးသင့်အကြောင်းသင့်ရှင်းပြနိုင်မယ်လို့ ဆရက်ထာယုံကြည်မှုရှိ

Share this post

နိုင်ငံတကာ၊ မေ ၂၄

 

ထိုင်းဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်ကို တရားရုံးမှာစစ်ဆေးပေးဖို့ တိုင်တန်းလွှာကို ဖွဲ့စည်းပုံအခြေခံဥပဒေတ ရားရုံးက လက်ခံလိုက်ပြီးနောက် တရားရုံးထွက်ဆိုချက်နဲ့ပတ်သက်ပြီးပြင်ဆင်ဖို့ ဥပဒေအကြံပေးတွေနဲ့ တိုင်ပင် သွားမှာဖြစ်ကြောင်း ဆရက်ထာက ပြောကြားလိုက်ပါတယ်။

 

ကြာသပတေးနေ့ (မေလ ၂၃ ရက်နေ့) က ဂျပန်ထိပ်တန်းကုမ္ပဏီကြီးတွေက အမှုဆောင်အရာရှိတွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီးနောက်မှာ ဆရက်ထာက အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။

 

“ဒီနေ့လုပ်ငန်းတာဝန်တွေဆောင်ရွက်ပြီးတဲ့အချိန်မှာ တရားရုံးထွက်ဆိုချက်အတွက် ဘယ်လိုပြင်ဆင်သင့်တယ် ဆိုတာတွေကို ကျွန်တော့်ဥပဒေအကြံပေးတွေဆီကို ဖုန်းခေါ်ဆိုပြီး ဆွေးနွေးသွားမှာဖြစ်ပါတယ်။” လို့ ဆရက် ထာက တိုကျိုမြို့က သတင်းထောက်တွေကို ပြောပါတယ်။

 

ထိုင်းနိုင်ငံကို ပြန်ရောက်တဲ့အချိန်မှာ ၎င်းရဲ့ဥပဒေအဖွဲ့နဲ့လည်း အသေးစိတ်ဆွေးနွေးသွားမှာဖြစ်တယ်လို့ ဝန် ကြီးချုပ်ဆရက်ထာက ပြောပါတယ်။

 

“အခုလို စစ်ဆေးမေးမြန်းတယ်ဆိုတာ စေ့စေ့စပ်စပ် စစ်ဆေးခံဖို့ နိုင်ငံရေးလောကက အသင့်ဖြစ်နေရမယ့် ပုဂ္ဂိုလ်တွေအတွက် ပုံမှန်ပါပဲ။ ဥပဒေပြုရေးကဏ္ဍနဲ့ တရားစီရင်ရေးကဏ္ဍက မေးခွန်းတွေမေးမြန်းလာတဲ့အချိန် တိုင်း အုပ်ချုပ်ရေးကဏ္ဍက ရှင်းပြဖို့တာဝန်ရှိပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

၎င်းကိုတိုင်ကြားထားတဲ့ တိုင်တန်းလွှာကို တုံ့ပြန်ရာမှာ ကိုယ်တိုင်ရှင်းလင်းပြောကြားနိုင်စွမ်းရှိတယ်လို့ ယုံကြည် မှုရှိကြောင်းလည်း ဝန်ကြီးချုပ်က ပြောပါတယ်။

 

ဒီကိစ္စကို တရားရုံးကိုတင်လာတဲ့ မကြာခင်ရာထူးကအနားယူရတော့မယ့် လွှတ်တော်အမတ် ၄၀ ရဲ့ နောက် ကွယ်ကအကြောင်းရင်းနဲ့ပတ်သက်ပြီး သံသယရှိပါသလားလို့ မေးမြန်းခံရတဲ့အခါ “လက်ရှိ အထက်လွှတ်တော် ရဲ့ငါးနှစ်သက်တမ်းဟာ မေလ ၁၁ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ပေမဲ့ စောင့်ကြည့်ထိန်းညှိရေးတာဝန်အရ သူတို့ အလုပ် သူတို့လုပ်တာပဲဖြစ်ပါတယ်။” လို့ ဆရက်ထာက ပြောပါတယ်။

 

“ကျွန်တော်ကတော့ ဒီကိစ္စကို နိုင်ငံရေးကစားပွဲတစ်ရပ်အဖြစ် သဘောမထားချင်ပါဘူး။ လူတိုင်းဟာ တိုင်းပြည် အတွက် စိတ်စေတနာကောင်းရှိပြီး ကောင်းမွန်တဲ့စီမံခန့်ခွဲအုပ်ချုပ်မှုကို မြင်ချင်ကြမှာပဲလို့ ကျွန်တော်ယုံကြည်ပါ တယ်။” လို့ ၎င်းက ပြောပါတယ်။

 

ဝန်ကြီးချုပ်ဆရက်ထာဟာ မကြာသေးခင်က ဖိချစ်ချူယန်ဘန်းကို ဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့တဲ့အ တွက် ၎င်းအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခြင်းရှိမရှိ ဆုံးဖြတ်ပေးဖို့ တရားရုံးကို အထက်လွှတ် တော်အမတ်တွေက တင်ပြတောင်းဆိုထားကြောင်း တိုင်တန်းလွှာထဲမှာ ဖော်ပြထားပါတယ်။

 

တရားရုံးက တိုင်တန်းလွှာကို လက်ခံလိုက်ပေမဲ့ တရားသူကြီး ၉ ဦးမဲခွဲဆုံးဖြတ်ရာမှာ ဝန်ကြီးချုပ်ဆရက်ထာကို ရာထူးက ဆိုင်းငံ့ထားခြင်းမပြုဖို့ ၅ မဲ – ၄ မဲ နဲ့ ဆုံးဖြတ်ခဲ့ပါတယ်။

 

ဖိချစ်ကို အစိုးရအဖွဲ့မှာ ခန့်အပ်ခဲ့တာနဲ့ပတ်သက်ပြီး စာနဲ့ ပြန်လည်ရှင်းလင်းတင်ပြဖို့ ဝန်ကြီးချုပ်ဆရက်ထာကို တရား ရုံးက ၁၅ ရက် အချိန်ပေးထားပါတယ်။

 

အပြစ်ရှိကြောင်း တရားရုံးက စစ်ဆေးတွေ့ရှိခဲ့ရင် ပြီးခဲ့တဲ့နှစ် သြဂုတ်လက ဝန်ကြီးချုပ်တာဝန်စတင်ထမ်းဆောင် ခဲ့တဲ့ ဆရက်ထာဟာ ရာထူးက ဖယ်ရှားခံရနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

 

Ref: Srettha confident he can justify Pichit’s appointment with charter court

 

#PeopleMedia


Share this post