
PUBLISHED - December 27, 2019
Ref; Reuters
(Unicode)
ဖိလစ်ပိုင်တွင် ခရစ္စမတ် တိုင်ဖုန်းမုန်တိုင်းကြောင့် သေဆုံးသူ ၂၈ ဦးထိ ရှိလာ
……………………………………………………………
ဖိလစ်ပိုင်မှာ ခရစ္စမတ်နေ့( ဒီဇင်ဘာ ၂၅)က ဝင်ရောက်ခဲ့တဲ့ တိုင်ဖုန်းမုန်တိုင်းကြောင့် သေဆုံးသူအရေအတွက် ဟာ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ၂၈ ဦးထိရှိလာခဲ့ပါတယ်။
ဖန်ဖုန်း တိုင်ဖုန်းမုန်တိုင်းဟာ အင်္ဂါနေ့နောက်ကျပိုင်းအချိန်က တစ်နာရီ လေတိုက်နှုန်း ၁၂၀ က ၁၅၀ ကီလိုမီ တာနှုန်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
မုန်တိုင်းကြောင့် လူနေအိမ်ရာနဲ့ချီ ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး နေရာ ၈ နေရာမှာ ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ပါတယ်။
မုန်တိုင်းကြောင့် အရေးပေါ်ကယ်ဆယ်ရေးစခန်းတွေမှာနေထိုင်ရသူ ၄ သောင်းကျော်ရှိခဲ့ပါတယ်။
Ref; Reuters
#PeopleMedia