ဖိလစ်ပိုင်တွင် ယာဉ်ကြောပိတ်ဆို့မှုများကြောင့် အရေးပေါ်လူနာတင်ကားမှ လူနာများသေ ဆုံးလျက်ရှိ
PUBLISHED - September 9, 2019
ဖိလစ်ပိုင်နိုင်ငံမှာ ဆိုးရွားတဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် အရေးပေါ်လူနာတင်ကား နဲ့ တင်ဆောင်လာတဲ့ လူနာတွေ ဆေးရုံအချိန်မီမရောက်ရှိနိုင်ဘဲ သေဆုံးမှုတွေရှိနေတယ် လို့ မလေးရှားကျန်းမာရေးဆိုင်ရာတာဝန်ရှိသူတွေက သတိပေးပြောကြားခဲ့ပါတယ်။
အရေးပေါ်လူနာတင်ယာဉ်လမ်းတွေထားရှိပေးထားမှုမရှိခြင်း၊ အခြေခံအဆောက်အအုံ အားနည်းခြင်းနဲ့ ဒေသခံယာဉ်မောင်းသူတွေရဲ့ လမ်းဖယ်ပေးလိုမှုမရှိခြင်းတွေကြောင့် လည်း အရေးပေါ်လူနာတင်ယာဉ်နဲ့ တင်ဆောင်လာတဲ့ လူနာတွေသေဆုံး မှုဖြစ်ပေါ်နေ တယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာက အဓိက ကားလမ်းမတွေမှာ လူသွားလူလာ များပြား ချိန်မျိုးဆို ၂၅ ကီလိုမီတာ ခရီးကို ကားနဲ့ရောက်ရှိဖို့ ၃ နာရီဝန်းကျင် အချိန်ကြာမြင့် တယ်လို့သိရပါတယ်။
၂၀၁၇ ခုနှစ်မှာ ဂျပန်နိုင်ငံရဲ့ ထောက်ပံ့ကူညီမှုနဲ့ စစ်တမ်းကောက်ယူခဲ့ရာမှာ ဖိလစ်ပိုင် နိုင်ငံမှာ လူတစ်ဦးကို ကားတစ်စီးနှုန်းနီးပါး ပိုင်ဆိုင်ထားကြပြီး ယာဉ်ကြောပိတ်ဆို့ မှုတွေကြောင့် နေ့စဉ်ကုန်ထုတ်လုပ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၆၇ သန်း ဆုံးရှုံး လျက်ရှိတယ်လို့သိရပါတယ်။
Ref;CNA