ဖိလစ်ပိုင်တွင် အသေခံဗုံးဖောက်ခွဲသူ အမျိုးသမီး ပေါက်ကွဲမှုတွင်သေဆုံး
PUBLISHED - September 9, 2019
ဖိလစ်ပိုင်နိုင်ငံအနောက်ပိုင်းမှာ စက်တင်ဘာ ၈ ရက်နေ့က အသေခံဗုံးဖောက်ခွဲသူလို့ သံသယရှိရတဲ့ အမျိုးသမီးတစ်ဦးဟာ ဗုံးပေါက်ကွဲမှုအတွင်း သေဆုံးခဲ့ပါတယ်။
ဗုံးပေါက်ကွဲမှုမှာ တခြားထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့ ဖိလစ်ပိုင် ရဲတပ်ဖွဲ့က အတည်ပြုထားပါတယ်။ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ အခုလို အသေခံဗုံးဖောက်ခွဲမှုဖြစ်ရပ်ဟာ ၁၄ လအတွင်း လေးကြိမ်မြောက်ဖြစ်ပွား မှုဖြစ်ပါတယ်။
ဖိလစ်ပိုင်စစ်တပ်က ကြိုတင်သတင်းရရှိမှုနဲ့ ကြားဝင်ဟန့်တားမှုကြောင့် ဗုံးပေါက်ကွဲမှုဟာ အားပြင်းခဲ့ပေမယ့် ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိခဲ့တာဖြစ်ပါတယ်။ အဝေးထိန်းစနစ်နဲ့ ဗုံးဖောက်ခွဲသူကိုလည်း အခင်းဖြစ်ရာမှာ ဖမ်းဆီးမိခဲ့ပါတယ်။
အခုလုပ်ရပ်ကို ဘယ်အကြမ်းအဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကို ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေမယ့် ဖိလစ်ပိုင် စစ်တပ်က အဘူဆေးလ်ရက်ဖ် ဦးဆောင်တဲ့ အကြမ်းဖက်အဖွဲ့ကလုပ်ဆောင်တယ်လို့ သံသယရှိနေပါတယ်။
Ref; CNA