ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၌ စစ်ဘက်ရဟတ်ယာဉ် ပျက်ကျမှုကြောင့် ခုနှစ်ဦး သေဆုံး

PUBLISHED - January 18, 2021
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၇ (People Media)
ယမန်နေ့က ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၌ ဖိလစ်ပိုင်လေတပ်ဖွဲ့မှ ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လူခု နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဘူကက်နွန်ပြည်နယ်ရှိ ကျေးရွာတစ်ရွာအတွင်း ဒေသစံတော်ချိန် နေ့လည် ၂ နာရီ ၃၀ မိနစ်ခန့်က အဆို ပါ UH-1 Huey ရဟတ်ယာဉ် ပျက်ကျမှုကြောင့် သေဆုံးသူများတွင် ရဟတ်ယာဉ်မှူးနှစ်ဦး ပါဝင်ကြောင်း ဖိလစ် ပိုင်တပ်မတော်က ပြောကြားသည်။
အင်ဂျင်ပိုင်းဆိုင်ရာပြဿနာကြောင့် ပျက်ကျချိန်တွင် အဆိုပါရဟတ်ယာဉ်က ကုန်စည်ပို့ဆောင်မှုတာဝန် ထမ်းဆောင်နေချိန်ဖြစ်ကြောင်း ဖိလစ်ပိုင်တပ်မတော်က ဆိုသည်။
ရဟတ်ယာဉ်ပျက်ကျမှုကြောင့် ရဟတ်ယာဉ်မှူးနှစ်ဦးအပြင် ယာဉ်ပေါ်ပါ အမှုထမ်းငါးဦးစလုံး သေဆုံးခဲ့ ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၃ ရက်က ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း အစ္စဘဲလာပြည်နယ်၌ လေတပ်မှ ရဟတ် ယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လူလေးဦး သေဆုံးခဲ့သလို စက်တင်ဘာလ ၁၆ ရက်က ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဘာစီလန်ပြည်နယ်၌ လေတပ်ဖွဲ့ပိုင် ရဟတ်ယာဉ်တစ်စင်း ပျက်ကျမှုတွင် တပ်ဖွဲ့ဝင်လေးဦး သေဆုံးခဲ့သည်။
Ref; 7 killed in helicopter crash in southern Philippines
(unicode)
……………………………………………
Ref; 7 killed in helicopter crash in southern Philippines