• Follow Us on
Latest News

Home ဖိလစ္ပိုင္နိုင္ငံ၌ အပူပိုင္းမုန္တိုင္း တိုက္ခတ္မႈေၾကာင့္ ရွစ္ဦး ေသဆုံး

ဖိလစ္ပိုင္နိုင္ငံ၌ အပူပိုင္းမုန္တိုင္း တိုက္ခတ္မႈေၾကာင့္ ရွစ္ဦး ေသဆုံး

Share this post

နိုင္ငံတကာ၊ ဒီဇင္ဘာ ၂၁ (PeopleMedia)

ဖိလစ္ပိုင္နိုင္ငံရွိ ေဒသအခ်ိဳ႕၌ ၿပီးခဲ့ေသာ သီတင္းပတ္အတြင္း အပူပိုင္းမုန္တိုင္းတစ္ခု တိုက္ခတ္မႈေၾကာင့္ ေရႀကီးေရလၽွံမႈမ်ား၊ ေျမၿပိဳမႈမ်ား ျဖစ္ပြားခဲ့ရာ လူရွစ္ဦးထက္မနည္း ေသဆုံးခဲ့ၿပီး ႏွစ္ဦး ဒဏ္ရာရရွိကာ တစ္ဦး ေပ်ာက္ဆုံးေနေၾကာင္း အာဏာပိုင္မ်ားက ယေန႔ ေျပာၾကားလိုက္သည္။

သဘာဝေဘးအႏၲရာယ္မ်ားေၾကာင့္ ဗီဆာရတ္စ္၊ ဒါဗာအိုႏွင့္ ကာရာဂါေဒသမ်ား၌ လူေသဆုံးမႈမ်ား ျဖစ္ ေပၚခဲ့ေၾကာင္း ဖိလစ္ပိုင္ အမ်ိဳးသား ေဘးအႏၲရာယ္ေလၽွာ့ခ်ေရးႏွင့္ စီမံခန္႔ခြဲေရးေကာင္စီ (NDRRMC) ၏ ေျပာ ၾကားခ်က္အရ သိရသည္။

ဖိလစ္ပိုင္နိုင္ငံ အလယ္ပိုင္းႏွင့္ေတာင္ပိုင္း၌ ေဒသခံ ၃၆၀၀၀ ေက်ာ္ မုန္တိုင္းေဘးသင့္ခဲ့ၿပီး ပီဆို ၁၁၀ ဒ သမ ၄ သန္း (ေဒၚလာ ၂၃ သန္း) ခန္႔ ပ်က္စီးဆုံးရႈံးမႈ ျဖစ္ေပၚခဲ့ေၾကာင္း NDRRMC က ဆိုသည္။

ဒီဇင္ဘာလ ၂၀ ရက္တြင္ ဖိလစ္ပိုင္နိုင္ငံမွ ထြက္ခြာသြားၿပီျဖစ္သည့္ ယခုႏွစ္အတြင္း ဖိလစ္ပိုင္နိုင္ငံသို႔ဝင္ ေရာက္သည့္ ၂၂ လုံးေျမာက္ အဆိုပါမုန္တိုင္းက တစ္နာရီလ်င္ ေလတိုက္ႏႈန္း ၆၅ ကီလိုမီတာမွ ၈၀ ကီလိုမီတာျဖင့္ တိုက္ခတ္ခဲ့ျခင္းျဖစ္သည္။

ဇြန္လမွ ဒီဇင္ဘာလအတြင္း ဖိလစ္ပိုင္နိုင္ငံသို႔ တိုင္ဖြန္းမုန္တိုင္းမ်ား၊ အပူပိုင္းမုန္တိုင္းမ်ား ပုံမွန္ တိုက္ ခတ္ေလ့ရွိရာ လူေပါင္းမ်ားစြာ ေသဆုံးၿပီး စီးပြားေရးအရ ေဒၚလာ ဘီလီယံႏွင့္ခ်ီ၍ ဆုံးရႈံးမႈျဖစ္ေပၚသည္။

ဖိလစ္ပိုင္နိုင္ငံက မီးေတာင္ေပါက္ကြဲမႈမ်ား၊ မၾကာခဏဆိုသလို ငလ်င္လႈပ္ခတ္မႈမ်ား အပါအဝင္ ကမၻာ ေပၚတြင္ ေဘးအႏၲရာယ္အျဖစ္ပြားလြယ္ဆုံး တိုင္းျပည္တစ္ခုျဖစ္ၿပီး တစ္ႏွစ္လ်င္ တိုင္ဖြန္းမုန္တိုင္း ၂၀ ခန္႔ တိုက္ ခတ္မႈ ၾကဳံေတြ႕ရကာ ေရႀကီးမႈမ်ား၊ ေျမၿပိဳမႈမ်ား ျဖစ္ပြားခဲ့သည္။

ဖိလစ္ပိုင္နိုင္ငံက ၂၀၁၀ ျပည့္ႏွစ္ ၂၀၁၉ ခုႏွစ္အတြင္း သဘာဝေဘးအႏၲရာယ္မ်ားေၾကာင့္ ပီဆို ၄၆၃ ဘီ လီယံ (ေဒၚလာ ၉ ဒသမ ၆၅ ဘီလီယံ) ဆုံးရႈံးမႈျဖစ္ပြားခဲ့ေၾကာင္း အစိုးရ၏ အခ်က္အလက္မ်ားအရ သိရသည္။

ကိုးကား – ဆင္ဟြာ

Ref; Tropical depression leaves 8 dead, 1 missing in Philippines

(unicode)
ဖိလစ်ပိုင်နိုင်ငံ၌ အပူပိုင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရှစ်ဦး သေဆုံး
………………………………………….

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၁ (PeopleMedia)

ဖိလစ်ပိုင်နိုင်ငံရှိ ဒေသအချို့၌ ပြီးခဲ့သော သီတင်းပတ်အတွင်း အပူပိုင်းမုန်တိုင်းတစ်ခု တိုက်ခတ်မှုကြောင့် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ လူရှစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရရှိကာ တစ်ဦး ပျောက်ဆုံးနေကြောင်း အာဏာပိုင်များက ယနေ့ ပြောကြားလိုက်သည်။

သဘာဝဘေးအန္တရာယ်များကြောင့် ဗီဆာရတ်စ်၊ ဒါဗာအိုနှင့် ကာရာဂါဒေသများ၌ လူသေဆုံးမှုများ ဖြစ် ပေါ်ခဲ့ကြောင်း ဖိလစ်ပိုင် အမျိုးသား ဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီ (NDRRMC) ၏ ပြော ကြားချက်အရ သိရသည်။

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းနှင့်တောင်ပိုင်း၌ ဒေသခံ ၃၆၀၀၀ ကျော် မုန်တိုင်းဘေးသင့်ခဲ့ပြီး ပီဆို ၁၁၀ ဒ သမ ၄ သန်း (ဒေါ်လာ ၂၃ သန်း) ခန့် ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း NDRRMC က ဆိုသည်။

ဒီဇင်ဘာလ ၂၀ ရက်တွင် ဖိလစ်ပိုင်နိုင်ငံမှ ထွက်ခွာသွားပြီဖြစ်သည့် ယခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံသို့ဝင် ရောက်သည့် ၂၂ လုံးမြောက် အဆိုပါမုန်တိုင်းက တစ်နာရီလျင် လေတိုက်နှုန်း ၆၅ ကီလိုမီတာမှ ၈၀ ကီလိုမီတာဖြင့် တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။

ဇွန်လမှ ဒီဇင်ဘာလအတွင်း ဖိလစ်ပိုင်နိုင်ငံသို့ တိုင်ဖွန်းမုန်တိုင်းများ၊ အပူပိုင်းမုန်တိုင်းများ ပုံမှန် တိုက် ခတ်လေ့ရှိရာ လူပေါင်းများစွာ သေဆုံးပြီး စီးပွားရေးအရ ဒေါ်လာ ဘီလီယံနှင့်ချီ၍ ဆုံးရှုံးမှုဖြစ်ပေါ်သည်။

ဖိလစ်ပိုင်နိုင်ငံက မီးတောင်ပေါက်ကွဲမှုများ၊ မကြာခဏဆိုသလို ငလျင်လှုပ်ခတ်မှုများ အပါအဝင် ကမ္ဘာ ပေါ်တွင် ဘေးအန္တရာယ်အဖြစ်ပွားလွယ်ဆုံး တိုင်းပြည်တစ်ခုဖြစ်ပြီး တစ်နှစ်လျင် တိုင်ဖွန်းမုန်တိုင်း ၂၀ ခန့် တိုက် ခတ်မှု ကြုံတွေ့ရကာ ရေကြီးမှုများ၊ မြေပြိုမှုများ ဖြစ်ပွားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံက ၂၀၁၀ ပြည့်နှစ် ၂၀၁၉ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်များကြောင့် ပီဆို ၄၆၃ ဘီ လီယံ (ဒေါ်လာ ၉ ဒသမ ၆၅ ဘီလီယံ) ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း အစိုးရ၏ အချက်အလက်များအရ သိရသည်။

ကိုးကား – ဆင်ဟွာ

Ref; Tropical depression leaves 8 dead, 1 missing in Philippines


Share this post