ဖိလစ္ပိုင္နိုင္ငံ ေျမာက္ပိုင္းတြင္ စစ္ဘက္ရဟတ္ယာဥ္ပ်က္က်မႈေၾကာင့္ ေလးဦးေသဆုံး

PUBLISHED - July 25, 2020
နိုင္ငံတကာ၊ ဇူလိုင္ ၂၄
ဖိလစ္ပိုင္နိုင္ငံ ေျမာက္ပိုင္းတြင္ ၾကာသပေတးေန႕ ညပိုင္းက စစ္ဘက္ရဟတ္ယာဥ္တစ္စင္း ပ်ံတက္ၿပီး သိပ္မၾကာမီ ပ်က္က်ခဲ့ရာ လိုက္ပါလာသည့္ တပ္ဖြဲ႕ဝင္ငါးဦး အနက္ ေလးဦး မွာ ေသဆုံးခဲ့ေၾကာင္း ဖိလစ္ ပိုင္တပ္မေတာ္က ယေန႕ အတည္ျပဳေျပာၾကားခဲ့သည္။
ဖိလစ္ပိုင္ေလတပ္မွ UH-1D ရဟတ္ယာဥ္သည္ ေဒသစံေတာ္ခ်ိန္ ည ၇နာရီအခ်ိန္ခန႔္တြင္ ညပိုင္း ကြၽမ္းက်င္မႈ ပ်ံသန္းျခင္း ေလ့က်င့္ေနစဥ္ ပ်က္က်ခဲ့ျခင္းျဖစ္ေၾကာင္း ဖိလစ္ပိုင္ ေလတပ္ ေျပာေရးဆိုခြင့္ရ ပုဂၢိဳလ္ျဖစ္သူ ဗိုလ္ခ်ဳပ္ႀကီး အင္ဂတ္ ရီဘာရိုက ေျပာၾကားခဲ့ျခင္း ျဖစ္သည္။
ေလယာဥ္ေပၚတြင္ လိုက္ပါလာသည့္ တစ္ဦးမွာ ဒဏ္ရာရရွိခဲ့ၿပီး အသက္ေဘးမွလြတ္ေျမာက္ခဲ့ေၾကာင္း ေလယာဥ္ေပၚတြင္ အမႈထမ္းသုံးဦး ႏွင့္ ေလယာဥ္မႉးႏွစ္ဦး လိုက္ပါလာခဲ့ၾကသည္။
မနီလာၿမိဳ႕ေတာ္ေျမာက္ဘက္ ကြာရန္းၿမိဳ႕ရွိ ေလတပ္စခန္းတစ္ခုမွ အဆိုပါရဟတ္ယာဥ္ ပ်ံတက္သြားၿပီး သိပ္မၾကာမီ ပ်က္က်ခဲ့ေၾကာင္း ဖိလစ္ပိုင္ေလတပ္က ဇူလိုင္လ ၂၃ ရက္တြင္ ထုတ္ျပန္ခ်က္တစ္ခုအတြင္း ေျပာၾကားသည္။
ကိုးကား -ဆင္ဟြာ
Ref; 4 killed in military helicopter crash in northern Philippines
[Unicode]
ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းတွင် စစ်ဘက်ရဟတ်ယာဉ်ပျက်ကျမှုကြောင့် လေးဦးသေဆုံး
………………………………………………………………….
နိုင်ငံတကာ၊ ဇူလိုင် ၂၄
ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းတွင် ကြာသပတေးနေ့ ညပိုင်းက စစ်ဘက်ရဟတ်ယာဉ်တစ်စင်း ပျံတက်ပြီး သိပ်မကြာမီ ပျက်ကျခဲ့ရာ လိုက်ပါလာသည့် တပ်ဖွဲ့ဝင်ငါးဦး အနက် လေးဦး မှာ သေဆုံးခဲ့ကြောင်း ဖိလစ် ပိုင်တပ်မတော်က ယနေ့ အတည်ပြုပြောကြားခဲ့သည်။
ဖိလစ်ပိုင်လေတပ်မှ UH-1D ရဟတ်ယာဉ်သည် ဒေသစံတော်ချိန် ည ၇နာရီအချိန်ခန့်တွင် ညပိုင်း ကျွမ်းကျင်မှု ပျံသန်းခြင်း လေ့ကျင့်နေစဉ် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင် လေတပ် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ဖြစ်သူ ဗိုလ်ချုပ်ကြီး အင်ဂတ် ရီဘာရိုက ပြောကြားခဲ့ခြင်း ဖြစ်သည်။
လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် တစ်ဦးမှာ ဒဏ်ရာရရှိခဲ့ပြီး အသက်ဘေးမှလွတ်မြောက်ခဲ့ကြောင်း လေယာဉ်ပေါ်တွင် အမှုထမ်းသုံးဦး နှင့် လေယာဉ်မှူးနှစ်ဦး လိုက်ပါလာခဲ့ကြသည်။
မနီလာမြို့တော်မြောက်ဘက် ကွာရန်းမြို့ရှိ လေတပ်စခန်းတစ်ခုမှ အဆိုပါရဟတ်ယာဉ် ပျံတက်သွားပြီး သိပ်မကြာမီ ပျက်ကျခဲ့ကြောင်း ဖိလစ်ပိုင်လေတပ်က ဇူလိုင်လ ၂၃ ရက်တွင် ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားသည်။
ကိုးကား -ဆင်ဟွာ
Ref; 4 killed in military helicopter crash in northern Philippines