• Follow Us on
Latest News

Home ဖိလစ်ပိုင်က စစ်ဖြစ်ပွားအောင် သွေးထိုးလှုံ့ဆော်မှာမဟုတ်ကြောင်း သမ္မတမားကို့စ်ပြော

ဖိလစ်ပိုင်က စစ်ဖြစ်ပွားအောင် သွေးထိုးလှုံ့ဆော်မှာမဟုတ်ကြောင်း သမ္မတမားကို့စ်ပြော

Share this post

နိုင်ငံတကာ၊ ဇွန် ၂၄

 

ဖိလစ်ပိုင်နိုင်ငံအနေနဲ့ စစ်ပွဲတွေဖြစ်ပွားလာအောင် သွေးထိုးလှုံ့ဆော်တဲ့အလုပ်တွေ လုပ်မှာမဟုတ်ဘဲ အငြင်း ပွားမှုတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းသွားဖို့သာ ရည်ရွယ်ထားကြောင်း ဖိလစ်ပိုင်သမ္မတ ဖါဒီနန်မား ကို့စ်ဂျူနီယာက ဇွန်လ ၂၃ ရက်နေ့က ပြောကြားလိုက်ပါတယ်။

 

တရုတ်နဲ့ ဖိလစ်ပိုင် တောင်တရုတ်ပင်လယ်ထဲမှာ ထိပ်တိုက်တွေ့ဆုံမှုတွေ မြင့်တက်လာတဲ့အချိန်မှာ မစ္စတာမား ကို့စ်က အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။

 

“နိုင်ငံကို ကာကွယ်ရာမှာ အဲဒီပြဿနာတွေအားလုံးကို ငြိမ်းချမ်းစွာနဲ့ပဲ ဖြေရှင်းချင်တယ်ဆိုတာကို ကျွန်တော်တို့ ဖိလစ်ပိုင်သဘာဝအတိုင်း မျှမျှတတ ရိုးရိုးသားသား ပြောချင်ပါတယ်။” လို့ တောင်တရုတ် ပင်လယ်ပြင်ကို ဦးစီးကွပ်ကဲနေတဲ့ အနောက်ပိုင်းစစ်ဌာနချုပ်က တပ်ဖွဲ့ဝင်တွေကို မိန့်ခွန်းပြောကြားရာမှာ မစ္စတာမားကို့စ်က ထည့် သွင်းပြောကြားပါတယ်။

 

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဖိလစ်ပိုင်ရေတပ် တပ်ဖွဲ့ဝင်တွေနဲ့ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေ အငြင်းပွား ရေပိုင်နက်အတွင်း ထိပ်တိုက်တွေ့ဆုံခဲ့ရာမှာ ဖိလစ်ပိုင်တပ်ဖွဲ့ဝင်တစ်ဦး ပြင်းထန်စွာဒဏ်ရာ ရခဲ့ပြီး သင်္ဘောလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖိလစ်ပိုင်စစ်တပ်ကပြောပါတယ်။

 

“ကျွန်တော်တို့ တာဝန်ထမ်းဆောင်ရာမှာ အင်အားသုံးတာတို့၊ ခြိမ်းခြောက်တာတို့၊ ရည်ရွယ်ချက်ရှိရှိ တစ်ဖက်သားကို ဒဏ်ရာရအောင်၊ ထိခိုက်နာကျင်အောင်လုပ်တာတို့ ဆောင်ရွက်မှာ မဟုတ်ပါဘူး။” လို့ မစ္စတာမားကို့စ်က ပြောပါတယ်။

 

မစ္စတာမားကို့စ်က ၎င်းရဲ့မိန့်ခွန်းထဲမှာ တရုတ်နိုင်ငံနာမည်ကို ထည့်သွင်းပြောဆိုခြင်း မပြုပါဘူး။

 

ဖိလစ်ပိုင်နိုင်ငံရဲ့ ရိက္ခာဖြည့်တင်းရေးလမ်းကြောင်းမှာ ပြုလုပ်ခဲ့တဲ့ တရုတ်နိုင်ငံရဲ့ဆောင်ရွက်ချက်တွေကို အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ ကနေဒါတို့က ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

 

ဖိလစ်ပိုင်ဘက်က ပြောဆိုချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ငြင်းပယ်လိုက်ပြီး လိုအပ်လို့ဆောင် ရွက်ခဲ့တာတွေဟာ ဥပဒေနဲ့အညီ လျော်ကန်သင့်မြတ်တဲ့နည်းလမ်းနဲ့ ဆောင်ရွက်ခဲ့တာဖြစ်သလို အပြစ် တင်လို့မရဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဇွန်လ ၂၀ ရက်နေ့က ပြောပါတယ်။

 

တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၃ ထရီလီယန်ကျော် ဝင်ငွေရှိတဲ့ တောင်တရုတ်ပင်လယ်ရေလမ်းကြောင်း တစ်ခု လုံးနီးပါးကို ၎င်းတို့ပိုင်ဆိုင်ကြောင်း တရုတ်နိုင်ငံက ပြောဆိုထားသလို ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒို နီးရှား၊ မလေးရှားနဲ့ ဘရူနိုင်းတို့ကလည်း တောင်တရုတ်ပင်လယ်အစိတ်ပိုင်းတချို့ကို အသီးသီးပိုင်ဆိုင် ကြောင်းပြောဆိုထားပါတယ်။

 

တရုတ်ရဲ့ ပိုင်ဆိုင်ကြောင်းပြောဆိုမှုဟာ ဥပဒေအရ တရားမဝင်ကြောင်း သည်ဟိတ်မှာရှိတဲ့ အနုညာ တတရားရုံးက ၂၀၁၆ ခုနှစ်မှာ ပြောကြားခဲ့ပေမဲ့ အဲဒီဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက ပယ်ချခဲ့ပါတယ်။

 

Ref: Philippines not in business of instigating wars: Marcos

 

#PeopleMedia


Share this post