ဖိလစ်ပိုင်မှာ အမေရိကန်ဒုံးကျည်တပ်ဖြန့်ချထားမှု တရုတ်အထူးစိုးရိမ်ကြောင်းပြော
PUBLISHED - August 19, 2024
နိုင်ငံတကာ၊ သြဂုတ် ၁၉
အမေရိကန်နိုင်ငံက မကြာသေးခင်က ဖိလစ်ပိုင်နိုင်ငံမှာ တာလတ်ပစ်ဒုံးကျည်လက်နက်စတစ်တစ်ခု လာ ရောက်တပ်ဖြန့်ချထားမှုနဲ့ ပတ်သက်ပြီး အလွန်စိုးရိမ်ပူပန်မိပြီး အဲဒီဆောင်ရွက်မှုဟာ ဒေသတွင်း မတည်မငြိမ် ဖြစ်စေနိုင်ကြောင်း တရုတ်နိုင်ငံက ပြောကြားလိုက်ပါတယ်။
ဒါပေမဲ့ အဲဒီတာလတ်ပစ်ဒုံးကျည်စနစ်ဟာ ယာယီတပ်ဖြန့်ချထားခြင်းသာဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန် ကြီးက တရုတ်နိုင်ငံခြားရေးဝန်ကြီးကို ပြီးခဲ့တဲ့သောကြာနေ့ (သြဂုတ်လ ၁၆ ရက်နေ့) က ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ အမေရိကန်တာလတ်ပစ်ဒုံးကျည်တပ်ဖြန့်ချထားတာနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက စိုးရိမ်မိ တယ်လို့ ပြီးခဲ့တဲ့လက လာအိုနိုင်ငံမှာကျင်းပခဲ့တဲ့ အာဆီယံအဖွဲ့နဲ့ အာရှ၊ အနောက်နိုင်ငံများ တွေ့ဆုံဆွေးနွေးပွဲ ရဲ့ ဘေးပန်းအစည်းအဝေးမှာ ပြောဆိုခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးအန်ရီကီမနာလိုက ပြောပါတယ်။
“ကျွန်တော်တို့ အဲဒီအကြောင်းဆွေးနွေးခဲ့ပါတယ်။ သူတို့က ဒီကိစ္စနဲ့ပတ်သက်ပြီး သိပ်ပြီးအကဲပိုလွန်းတယ်။ စိုးရိမ်စရာမလိုပါဘူးလို့ ကျွန်တော်ပြောခဲ့ပါတယ်။” လို့ မနီလာမှာကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြား သတင်းထောက်တွေကို မနာလိုက ပြောပါတယ်။
ဖိလစ်ပိုင်မှာ အမေရိကန်ဒုံးကျည်လာချထားတာဟာ ဒေသတွင်းမတည်ငြိမ်မှုကို ဖြစ်စေနိုင်တယ်လို့ တရုတ်နိုင်ငံ ခြားရေးဝန်ကြီးက ပြောပေမဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက အဲဒီအမြင်ကို သဘောမတူကြောင်းပြောပါတယ်။
“ဒေသတွင်း တည်ငြိမ်မှုကို ဘာမှမထိခိုက်ပါဘူး။ အဲဒီဒုံးကျည်စနစ်ဟာ ဖိလစ်ပိုင်မှာ ယာယီတပ်ဖြန့်ချထားတာ သာဖြစ်ပါတယ်။” လို့ မနာလိုက ဝန်ကို ပြောပါတယ်။
ဖိလစ်ပိုင်တပ်ဖွဲ့ဝင်တွေနဲ့ ပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှုအစိတ်အပိုင်းတစ်ရပ်အဖြစ် Standard Missile-6 နဲ့ မြေပြင်ပစ် တိုမာဟော့ဒုံးကျည်တွေ ပစ်ခတ်နိုင်တဲ့ မြေပြင်အခြေစိုက် တာလတ်ပစ်ဒုံးကျည်စနစ်တစ်ခုကို အမေ ရိကန်နိုင်ငံကနေ ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းကို ပို့ဆောင်ခဲ့ကြောင်း ဧပြီလအတွင်းက အမေရိကန်ကြည်းတပ်က ပြောပါတယ်။
ဒါပေမဲ့ အမေရိကန်-ဖိလစ်ပိုင် နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ အဲဒီဒုံးကျည်စနစ်ကို အသုံးပြုပစ်ခတ်ခဲ့တာ မရှိဘဲ အဲဒီဒုံးကျည်စနစ်ကို နောက်လမှာ ဖိလစ်ပိုင်နိုင်ငံ ပြင်ပကို ပြန်လည်ပို့ဆောင်သွားဖွယ်ရှိကြောင်း ဖိလစ် ပိုင်တပ်မတော်က ပြောပါတယ်။
ဖိလစ်ပိုင်အပါအဝင် ဒေသတွင်းမှာ အမေရိကန်တပ်ဖြန့်ချထားမှု တိုးမြှင့်လာတာနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကွန့်ကွက်ခဲ့ပြီး အဲဒီလို အမေရိကန်တွေ တိုးမြှင့်တပ်ဖြန့်ချထားတာဟာ ဒေသတွင်း တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်တယ်လို့ ပြောပါတယ်။
အမေရိကန်နဲ့ ဖိလစ်ပိုင်ကလည်း တောင်တရုတ်ပင်လယ်တွင်းက အငြင်းပွားရေပိုင်နက်အတွင်း တရုတ်နိုင်ငံရဲ့ ရန်လိုမှုတွေ မြင့်တက်လာတာကို အကြိမ်ကြိမ် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
တရုတ်နဲ့ ဖိလစ်ပိုင်အပြင် တောင်တရုတ်ပင်လယ်တွင်း ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်းနဲ့ ထိုင်ဝမ်တို့ကလည်း ရေပိုက်နက် အငြင်းပွားမှုတွေ ရှိနေပါတယ်။
Ref: China ‘dramatically’ alarmed by US missile deployment: Philippines: AP
#PeopleMedia