• Follow Us on
Latest News

Home ဖိလစ်ပိုင်သမ္မတရုံးကို တရုတ်ဟက်ကာတွေ ဆိုက်ဘာတိုက်ခိုက်ခဲ့ကြောင်း ဖိလစ်ပိုင်ပြော

ဖိလစ်ပိုင်သမ္မတရုံးကို တရုတ်ဟက်ကာတွေ ဆိုက်ဘာတိုက်ခိုက်ခဲ့ကြောင်း ဖိလစ်ပိုင်ပြော

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၉

 

တရုတ်အစိုးရကထောက်ပံ့ထားတဲ့ ဟက်ကာအဖွဲ့တစ်ဖွဲ့က ဖိလစ်ပိုင်သမ္မတရုံးကို ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ခဲ့ပေမဲ့ ဘာသတင်းအချက်အလက်မှ ပါမသွားခဲ့ကြောင်း ဖိလစ်ပိုင်အစိုးရက ပြောကြားလိုက်ပါတယ်။

 

သတင်းအချက်အလက်တွေ ပြန်ပေါ်လာဖို့ အဓိကအာရုံစိုက်တိုက်ခိုက်ခဲ့တာဖြစ်ပေမဲ့ အရေးကြီးစစ်သတင်းတွေ ဘာ သတင်းမှ ကျိုးပေါက်သွားခြင်းမရှိကြောင်း ဖိလစ်ပိုင်နိုင်ငံ သတင်းဆက်သွယ်ရေးဝန်ကြီးဌာန (DICT) က ပြောပါတယ်။

 

အစိုးရအဖွဲ့အစည်းအများအပြား အလားတူဆိုက်ဘာတိုက်ခိုက်မှုမျိုးတွေ ကြုံတွေ့ခဲ့ရပေမဲ့ အောင်မြင်စွာ ကာကွယ်နိုင်ခဲ့ ကြောင်း DICT ဝန်ကြီး အိုင်ဗန်ဂျွန်ဝီးက မနီလာမှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

 

“ကျွန်တော်တို့ မြင်လိုက်ရတာက ကြက်တူရွေးလို ပြန်အန်ထုတ်နေတဲ့ လွန်ခဲတဲ့ နှစ်ပေါင်းများစွာကတည်းက အချက် အလက်အဟောင်းတွေဖြစ်ပါတယ်။ သူတို့တွေ တိုက်ခိုက်တာအောင်မြင်တယ်လို့ထင်ရအောင် ပြန်ထုတ်ပေးနေတဲ့ သ တင်းအချက်အလက် အဟောင်းတွေဖြစ်ပါတယ်။” လို့ အိုင်ဗန်ဂျွန်ဝီးက ပြောပါတယ်။

 

ဖိလစ်ပိုင်အစိုးရဌာနကို အခုလို စိမ့်ဝင်ထိုးဖောက်လာတာဟာ ဖိလစ်ပိုင်သီးသန့်စီးပွားရေးဇုန်နဲ့ နယ်မြေချင်း ထပ်နေတဲ့ ဒေသတစ်ခုဖြစ်တဲ့ တောင်တရုတ်ပင်လယ်ထဲက တရုတ်နိုင်ငံနဲ့ အငြင်းပွားနေတဲ့ကိစ္စနဲ့ ဆက်နွယ်နေတဲ့ စစ်ရေးသတင်း အချက်အလက်တွေကို ခိုးယူဖို့အတွက် တရုတ်ဆိုက်ဘာအုပ်စုရဲ့ ကျယ်ပြန့်လှတဲ့စစ်ဆင်ရေး အစိတ်အပိုင်းတစ်ရပ်ဖြစ် ကြောင်း DICT က ပြောပါတယ်။

 

အစိုးရယန္တရားတွေအနေနဲ့ ဆိုက်ဘာတိုက်ခိုက်မှုခံရမယ့် အန္တရာယ် အမြဲတမ်းကြုံတွေ့နေရပေမဲ့လည်း သတင်းဆက်သွယ်ရေးဝန်ကြီးဌာန (DICT) အနေနဲ့ ထွက်ပေါ်လာတဲ့ ခြိမ်းခြောက်မှုတွေနဲ့အညီ စုံစမ်းထောက်လှမ်းပြီး တုံ့ပြန်ဆောင် ရွက်နိုင်ကြောင်း DICT က ပြောပါတယ်။

 

“အရေးကြီးတဲ့ သတင်းအချက်အလက်တချို့ပါမသွားအောင် စနစ်တွေကို ကျွန်တော်တို့ ကာကွယ်ထားနိုင်စွမ်း ရှိပါတယ်။” လို့ ဝန်ကြီးအိုင်ဗန်ဂျွန်ဝီးက ပြောပါတယ်။

 

ဆိုက်ဘာတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သိရှိတယ်ဆိုတာကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ငြင်းဆိုခဲ့ပေမဲ့ မနီလာမှာ ရှိတဲ့ တရုတ်သံရုံးကတော့ ဘာတစ်ခုမှ ပြောဆိုခြင်းမရှိပါဘူး။

 

တရုတ်ဟက်ကာတွေဟာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနကို ဆိုက်ဘာတိုက်ခိုက်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ် ခဲ့တုန်းကတော့ “တရုတ်နိုင်ငံအနေနဲ့ ဟက်ကာတိုက်ခိုက်မှုပုံစံအားလုံးကို အစဉ်အမြဲဆန့်ကျင်ခဲ့ပြီး နိုင်ငံရေးရည်ရွယ် ချက်နဲ့ မိမိတို့နိုင်ငံအပေါ် သတင်းမှားတွေဖြန့်ဖြူးတိုက်ခိုက်နေတာတွေကိုလည်း ပိုလို့တောင် ဆန့်ကျင်ပါကြောင်း၊ စွပ်စွဲ မှုတွေဟာလည်း သက်သေအထောက်အထားမရှိကြောင်း” တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

 

ပစိဖိတ်ဒေသမှာ တရုတ်လွှမ်းမိုးမှုမြင့်တက်လာစဉ်အတွင်း စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေအတွက် ဖိလစ်ပိုင်နဲ့ အမေရိကန်နိုင်ငံတို့ ၂၀၂၄ ခုနှစ်မှာ ဆွေးနွေးခဲ့ပြီးနောက် အခုလို ဆိုက်ဘာတိုက်ခိုက်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။

 

နှစ်နိုင်ငံခေါင်းဆောင်တွေ တိုက်ရိုက်ဆက်သွယ်ရေးလိုင်းတစ်ခု ထူထောင်ပြီး တောင်တရုတ်ပင်လယ်တွင်းက တင်းမာမှု တွေ လျှော့ချနိုင်ဖို့အတွက် ၂၀၂၄ ခုနှစ်အတွင်းမှာပဲ ဖိလစ်ပိုင်အစိုးရဟာ တရုတ်အစိုးရနဲ့ ဆွေးနွေးခဲ့ပါသေးတယ်။

 

Ref: Chinese Hackers Attack Philippines Presidential Office

 

#PeopleMedia


Share this post