• Follow Us on
Latest News

Home ဖိလစ်ပိုင်ဟာ အမေရိကန်အားကိုးနဲ့ တောင်တရုတ်ပင်လယ်ထဲမှာ ဒုက္ခပေးနေကြောင်း တရုတ်ပြော

ဖိလစ်ပိုင်ဟာ အမေရိကန်အားကိုးနဲ့ တောင်တရုတ်ပင်လယ်ထဲမှာ ဒုက္ခပေးနေကြောင်း တရုတ်ပြော

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၃

 

အငြင်းပွားရေပြင်အတွင်း နောက်ဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံမှုနဲ့ပတ်သက်ပြီး တရုတ်နဲ့ ဖိလစ်ပိုင် အပြန်အလှန်စွပ်စွဲပြီး တစ်ပတ်အကြာမှာ ဖိလစ်ပိုင်နိုင်ငံဟာ တောင်တရုတ်ပင်လယ်တွင်း အမေရိကန်အားကိုးနဲ့ ဒုက္ခပေးနေကြောင်း တရုတ်နိုင်ငံက ဒီဇင်ဘာ ၁၃ ရက်နေ့ (သောကြာနေ့) စွပ်စွဲပြောဆိုလိုက်ပါတယ်။

 

“အမေရိကန်ရဲ့ထောက်ပံ့မှုနဲ့ ဖိလစ်ပိုင်နိုင်ငံဟာ တောင်တရုတ်ပင်လယ်ထဲက နေရာအတော်များများမှာ တောက် လျှောက် ဒုက္ခပေးနေပါတယ်။” လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ဝူကျီယန်က ၎င်းရဲ့ WeChat အကောင့်မှာ ပြောပါတယ်။

 

“နယ်နိမိတ်အတိုင်းအတာကို နိုင်ငံတကာစာချုပ်တွေအရ ဆုံးဖြတ်ချက်ချရတာနဲ့ အဲဒီအထဲမှာ တရုတ်နိုင်ငံရဲ့ စပရက် တလီကျွန်းစု (Spratly Islands) နဲ့ စကားဘရပ်ကျွန်း (Scarborough Shoal) ဘယ်တော့မှ မပါဘူးဆိုတာ ဖိလစ်ပိုင် နိုင်ငံက ကောင်းကောင်း သဘောပေါက်နားလည်ထားပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံဟာ အခုနှစ်အတွင်း တောင်တရုတ်ပင်လယ်ထဲက သောင်စွယ်တန်းတွေ၊ ကျောက်တန်းတွေမှာ ထိပ်တိုက်တွေ့ဆုံမှုတွေ တောက်လျှေက်ဖြစ်ပွားခဲ့ပါတယ်။

 

တရုတ်နိုင်ငံကတော့ အဲဒီနေရာတွေဟာ တရုတ်ပိုင်နေရာတွေဖြစ်တယ်လို့ ပြောဆိုပါတယ်။

 

ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေး ရှား၊ ထိုင်ဝမ်နဲ့ ဗီယက်နမ်တို့ကလည်း တောင်တရုတ်ပင်လယ်ထဲက အစိတ်အပိုင်းတချို့ကို ၎င်းတို့ပိုင်ဆိုင်ကြောင်း ပြောဆိုထားပါတယ်။

 

တရုတ်နိုင်ငံက တရုတ်ပိုင်နယ်မြေဖြစ်ကြောင်းပြောဆိုရင်း ၎င်းတို့နိုင်ငံရဲ့ သီးသန့်စီးပွားရေးဇုန် (exclusive economic zones- EEZ) တွေထဲကို တရုတ်က ကျူးကျော်ဝင်ရောက်လာမှာကို အဆိုပါနိုင်ငံတွေက စိုးရိမ်နေပါတယ်။

 

နိုင်ငံတစ်နိုင်ငံရဲ့ သီးသန့်စီးပွားရေးဇုန် (EEZ) ကို ၎င်းနိုင်ငံရဲ့ ကမ်းရိုးတန်းကနေ ပင်လယ်ပြင် ရေမိုင် ၂၀၀ (မိုင် ၃၇၀) အထိ သတ်မှတ်ထားတာဖြစ်ပါတယ်။

 

ဖိလစ်ပိုင်အမျိုးသားပင်လယ်ရေကြောင်းဆိုင်ရာကောင်စီ၊ အမျိုးသားလုံခြုံရေးကောင်စီနဲ့ အမေရိကန်ရေတပ် အမှတ် ၇ ရေတပ်အုပ်စုကတော့ တရုတ်နိုင်ငံရဲ့ပြောဆိုချက်နဲ့ပတ်သက်ပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

 

စကားဘရပ်ကျွန်းတစ်ဝိုက်မှာ ဖိလစ်ပိုင်ရေလုပ်သားတွေကို ရိက္ခာထောက်ပံ့ဖို့သွားရောက်ခဲ့တဲ့ ဖိလစ်ပိုင် ရေလုပ်ငန်းက စက်လှေတစ်စီးကို တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောတွေက မီးသတ်ပိုက်နဲ့ ထိုးပက်ပြီး နှောင့်ယှက်ခဲ့ကြောင်း ဖိလစ် ပိုင်အရာရှိတွေက ပြီးခဲ့တဲ့သတီတင်းပတ်က ပြောပါတယ်။

 

တရုတ်ကမ်းခြေစောင့်တပ်သင်္ဘောတွေရဲ့လုပ်ရပ်ကို အမေရိကန်အစိုးရက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချ ခဲ့ပါတယ်။

 

ဖိလစ်ပိုင်သင်္ဘောတွေဟာ တရုတ်က ဟူဝန်ဂျန်ကျွန်း (Huangyan) လို့ ခေါ်တဲ့ စကားဘရပ်ကျွန်းတစ်ဝိုက်မှာ ရှိတဲ့ တရုတ်ရေပိုင် နက်ထဲကို ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြောင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ကပြောပါတယ်။

 

Ref: China says Philippines has ‘provoked trouble’ in S.China Sea with US backing

 

#PeopleMedia


Share this post