• Follow Us on
Latest News

Home ဖိလစ်ပိုင်-ထိုင်ဝမ် စစ်ရေးပူးပေါင်းဆောင်ရွက်မှုမဖြစ်နိုင်ကြောင်း ဖိလစ်ပိုင်အစိုးရပြော

ဖိလစ်ပိုင်-ထိုင်ဝမ် စစ်ရေးပူးပေါင်းဆောင်ရွက်မှုမဖြစ်နိုင်ကြောင်း ဖိလစ်ပိုင်အစိုးရပြော

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၂၈

 

တရုတ်နိုင်ငံနဲ့ တင်းမာမှုတွေ မြင့်တက်နေတဲ့အချိန်မှာ ထိုင်ဝမ်နဲ့ စစ်ရေးအရပူးပေါင်းဆောင်ရွက်နိုင်တဲ့အလား အလာရှိနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်ကို ဖိလစ်ပိုင်နိုင်ငံက လူသိရှင်ကြားငြင်းဆိုလိုက်ပါတယ်။

 

ဖိလစ်ပိုင်နိုင်ငံအနေနဲ့ တရုတ်နိုင်ငံရဲ့ အဓိကပြဿနာတွေထဲကတစ်ခုကို လျစ်လျူရှုထားမှာဖြစ်တဲ့အတွက် အိမ် နီးချင်းထိုင်ဝမ်နဲ့ စစ်ရေးအရပူးပေါင်းဆောင်ရွက်ဖို့ဆိုတာ မဖြစ်နိုင်ကြောင်း ပြည်တွင်းရုပ်သံသတင်းဌာနတစ်ခု ကို ဖိလစ်ပိုင်အမျိုးသားကာကွယ်ရေးဝန်ကြီး ဂဲလ်ဘတ်တီယိုဒိုရိုက ပြောကြားလိုက်ခြင်းဖြစ်ပါတယ်။

 

တရုတ်အစိုးရက ထိုင်ဝမ်ကျွန်းကို ၎င်းတို့ရဲ့ တရုတ်တစ်နိုင်ငံတည်းမူဝါဒအရ တရုတ်နိုင်ငံရဲ့အစိတ်အပိုင်းတစ်ခု လို့သာသတ်မှတ်ထားပြီး တရုတ်ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ရင် အင်အားသုံးတိုက် ခိုက်သွားမယ်လို့ သံန္နိဋ္ဌာန်ချထားပါတယ်။

 

“တရုတ်နိုင်ငံနဲ့ ထိုင်ဝမ်ကျွန်းဆက်ဆံရေးက နိုင်ငံတကာမှာ မေးခွန်းထုတ်စရာဖြစ်နေတာမို့ အဲဒီလို စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။” လို့ တီယိုဒိုရိုက ပြောပါတယ်။

 

ဖိလစ်ပိုင်အစိုးရနဲ့ တရုတ်နိုင်ငံကလည်း တောင်တရုတ်ပင်လယ်အတွင်း နယ်မြေအငြင်းပွားမှုအတွက် ဆက်ဆံ ရေးတင်မားလျက်ရှိပါတယ်။

 

တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းကို ကျူးကျော်တိုက်ခိုက်ခဲ့ရင် ဖိလစ်ပိုင်နိုင်ငံဟာ မဟာဗျူဟာအရ အရေးကြီးတဲ့ နေရာတစ်ခုဖြစ်တယ်လို့ စစ်ရေးဆန်းစစ်လေ့လာသူတွေက ရှုမြင်ထားပါတယ်။

 

ဒါ့အပြင် တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းအတွက် လမ်းကြောင်းတွေ ပိတ်ဆို့ထားခဲ့ရင် ထိုင်ဝမ်တပ်မတော်အတွက် ဖိလစ်ပိုင်နိုင်ငံဟာ ထောက်ပံ့ရေးစခန်းတစ်ခုဖြစ်လာနိုင်တယ်လို့ ခန့်မှန်းပြောဆိုကြပါတယ်။

 

တရုတ်နိုင်ငံက ထိုင်ဝမ်ကို ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်လာတဲ့အခါ တရုတ်ဒုံးကျည်တွေကို ရှောင်ရှားဖို့အ တွက် ထိုင်ဝမ်လေယာဉ်တွေဟာ ဖိလစ်ပိုင်နိုင်ငံကို ပျံသန်းသွားနိုင်တယ်လို့လည်း ဆိုပါတယ်။

 

စစ်ပွဲဖြစ်ပွားလာခဲ့ရင် ထိုင်ဝမ်ကျွန်းကို အမေရိကန်နိုင်ငံကထောက်ပံ့နိုင်ဖို့အတွက် ဖိလစ်ပိုင်နိုင်ငံဟာ အသင့် တော်ဆုံးလမ်းကြောင်းတစ်ခုဖြစ်ကြောင်း ဖိလစ်ပိုင်စစ်ဘက်အရာရှိတွေက အသိအမှတ်ပြုထားပါတယ်။

 

“ကျွန်တော်တို့နိုင်ငံက အမေရိကန်ရဲ့မဟာမိတ်နိုင်ငံပါ။ ကျွန်တော်တို့ဟာ မဟာဗျူဟာမြောက်အရပ်ဒေသမှာ ရှိ နေပါတယ်။ ထိုင်ဝမ်ကျွန်းမှာတစ်ခုခုဖြစ်လာပြီဆိုရင် ကျွန်တော်တို့နိုင်ငံပါဝင်ပတ်သက်ဖို့ အလွန်နီးစပ်ပါတယ်။” လို့ ဖိလစ်ပိုင်တပ်မတော် စစ်ဦးစီးအရာရှိချုပ်ဟောင်း ဗိုလ်ချုပ်ကြီး အီမန်နျူရယ်လ်ဘူတစ္စတာက ပြောပါတယ်။

 

Ref: Philippines-Taiwan Military Cooperation ‘Zero Possibility’: Defense Official

 

#PeopleMedia


Share this post