ဖီယူထိုင်းပါတီကတင်မယ့် ဝန်ကြီးချုပ်လောင်းကို Move Forward ပါတီက ထောက်ခံသွားမယ်
PUBLISHED - July 21, 2023
နိုင်ငံတကာ၊ ဇူလိုင် ၂၁
ဇူလိုင်လ ၂၇ ရက်နေ့ (ကြာသပတေးနေ့) မှာ ကျင်းပမယ့် ဝန်ကြီးချုပ်ရွေးချယ်ပွဲမှာ Move Forward ပါတီက နိုင်ငံရေးအရ နောက်ဆုတ်နေပြီး ဖီယူထိုင်းပါတီက အမည်စာရင်းတင်သွင်းမယ့် ဝန်ကြီးချုပ်လောင်းကိုထောက် ခံသွားမှာဖြစ်ကြောင်း ပါတီအထွေထွေအတွင်းရေးမှူး ချိုင်သာဝတ်တူလာတွန်က ဇွန်လ ၂၀ ရက်နေ့မနက်ပိုင်း က ပြောကြားလိုက်ပါတယ်။
ဖီယူထိုင်းပါတီအနေနဲ့ ဝန်ကြီးချုပ်လောင်းအဖြစ် ဘယ်သူ့ကိုအမည်စာရင်းတင်သွင်းမယ်ဆိုတာ မရွေးချယ်ရ သေးကြောင်း ၎င်းက ပြောပါတယ်။ ဖီယူထိုင်းပါတီက လူသိများတဲ့ အိမ်ခြံမြေတိုင်ကွန်သူဌေးကြီး ဆရက်သာ ထာဗီဆင်ကတော့ ပါတီကဝန်ကြီး ချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းမယ့်သူအဖြစ် နာမည်ကြီးနေပါ တယ်။
Move Forward ပါတီအနေနဲ့ ရွေးကောက်ပွဲလွန်ကာလ အစိုးရသစ်ဖွဲ့စည်းရေးမှာ နားလည်မှုစာချွန်လွှာလက် မှတ်ရေးထိုးထားတဲ့အတိုင်း ညွန့်ပေါင်းအဖွဲ့ထဲမှာ ဆက်လက်တည်ရှိနေမှာဖြစ်ကြောင်း ချိုင်သာဝတ်က သတင်း စာရှင်းလင်းပွဲတစ်ခုမှာ ပြောပါတယ်။
ထိုင်းဘုရင်နဲ့ တော်ဝင်မိသားစုကို အကာအကွယ်ပေးထားတဲ့ ဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ဆိုတဲ့ ပါတီရပ်တည် ချက်နဲ့ပတ်သက်ပြီး Move Forward ပါတီက အလျှော့ပေးသွားဖို့ရှိသလားလို့ မေးမြန်းတဲ့အခါ ၎င်းတို့ပါတီအနေ နဲ့ ရွေးကောက်ပွဲကတိကဝတ်တွေအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ချိုင်သာဝတ် က ပြောပါတယ်။
ဘုရင်စနစ်ကိုစော်ကားကြောင်း ပြစ်မှုထင်ရှားတွေ့ရှိတဲ့သူကို အပြစ်ပေးနိုင်တဲ့ ဥပဒေကို ပြင်ဆင်ဖို့ဆိုတာ Move Forward ပါတီရဲ့ အဓိကမူဝါဒတွေထဲက မူဝါဒတစ်ခုဖြစ်ပါတယ်။
ပါတီခေါင်းဆောင် ပီတာလင်းဂျားရင်းနတ်ရဲ့ အမည်စာရင်းတင်သွင်းမှုကို လွှတ်တော်ကပယ်ချလိုက်ပြီးတောက် အခုလို Move Forward ပါတီဘက်က ဖီယူထိုင်းပါတီရဲ့ ဝန်ကြီးချုပ်လောင်းကို ထောက်ခံသွားမယ်ဆိုတဲ့ အ လျှော့ပေးချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။
Ref: Move Forward will support Pheu Thai PM candidate: Thai PBS
#PeopleMedia