ဖီယူထိုင်းပါတီကတင်လာတဲ့ ဝန်ကြီးချုပ်လောင်းကို ပါလန်ပရာချတ်ပါတီက ထောက်ခံသွားမည်

PUBLISHED - August 11, 2023
နိုင်ငံတကာ၊ သြဂုတ် ၁၁
လာမယ့် ဝန်ကြီးချုပ်ရွေးချယ်ပွဲမှာ ဖီယူထိုင်းပါတီက တင်သွင်းလာမယ့် ဝန်ကြီးချုပ်လောင်းကို ပါလန်ပရာချာ ရတ်ပါတီက ထောက်ခံမဲပေးသွားမှာဖြစ်ကြောင်း အဲဒီပါတီရဲ့ လွှတ်တော်အမတ်တစ်ဦးက ကြာသပတေးနေ့ (သြဂုတ်လ ၁၀ ရက်နေ့) က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီနဲ့ လမ်းခွဲထွက်လာတဲ့ ဖီယူထိုင်းပါတီဟာ ၉ ပါတီညွန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီးနောက် လွှတ်တော်အမတ်နေရာ ၅၀၀ ရှိတဲ့ အောက်လွှတ်တော်မှာ ထောက်ခံမဲ ၂၃၈ မဲရရှိမယ် လို့ ယုံကြည်ထားပါတယ်။
ထိုင်းနိုင်ငံလက်ရှိရင်ဆိုင်နေရတဲ့ အကျပ်အတည်းကလွတ်မြောက်ဖို့အတွက် နိုင်ငံရေးယုံကြည်ချက်တွေ ဘယ် လိုပဲကွဲပြားနေစေကာမူ ဖီယူထိုင်းပါတီက တင်လာမယ့် ဝန်ကြီးချုပ်လောင်းကို ထောက်ခံမဲပေးကြဖို့ ၉ ပါတီ ညွန့်ပေါင်းအဖွဲ့က လွှတ်တော်အမတ်အားလုံးကို တိုက်တွန်းထားပါတယ်။
ထိုင်းပြည်သူတွေရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် ထိုင်းနိုင်ငံမှာ အစိုးရ သစ်ဖွဲ့စည်းနိုင်ဖို့ အရေးတကြီးလိုအပ်နေပြီဖြစ်တာကြောင့် ၎င်းတို့ပါတီဝင်တွေအနေနဲ့ ဖီယူထိုင်းပါတီက တင် သွင်းလာမယ့် ဝန်ကြီးချုပ်လောင်းကို ထောက်ခံမဲပေးသွားမှာဖြစ်ကြောင်း ပာလန်ပရာချတ်ပါတီရဲ့ ကမ်ဖန်ဖတ် ပြည်နယ်က လွှတ်တော်အမတ် ပိုင်လီးကီးက ပြောပါတယ်။
“ပါလီပရာချတ်ပါတီက အမတ်အားလုံးဟာ ဖီယူထိုင်းပါတီကတင်သွင်းလာမယ့် ဝန်ကြီးချုပ်လောင်းကို ထောက် ခံမဲပေးသွားမှာဖြစ်ပါတယ်။ နိုင်ငံရဲ့အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ ဖီယူထိုင်းပါတီမှာ အရည်အချင်းရှိ တယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
ဒါပေမဲ့ ဖီယူထိုင်းပါတီက ၎င်းတို့ပါတီကို ဒီကနေ့အချိန်အထိ တရားဝင် မဆက်သွယ်သေးဘူးလို့ ၎င်းကပြောပါ တယ်။
မကြာခင်ရာထူးကထွက်ခွာရတော့မယ့် ဗိုလ်ချုပင်ကြီးပရာဝတ်ဝေါင်ဆူဝန်ဦးဆောင်တဲ့ ပါလန်ပရာချတ်ပါတီဟာ မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲမှာ လွှတ်တော်အမတ်နေရာ ၄၀ အနိုင်ရထားပါတယ်။
ပါလန်ပရာချတ်ပါတီရဲ့ လွှတ်တော်အမတ်က အခုလိုထုတ်ပြန်ကြေညာပြီး မကြာခင်မှာပဲ ဖီယူထိုင်းပါတီက လည်း ထိုင်းပြည်သူတွေရဲ့အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာမှာ အစိုးရသစ်ဖွဲ့စည်းနိုင်ဖို့အတွက် ၎င်းတို့ ပါတီအနေနဲ့ အထက်/အောက် လွှတ်တော်အမတ်အားလုံးဆီက ထောက်ခံမဲတွေကို တောင်းခံလိုပါကြောင်း ကြေညာခဲ့ပါတယ်။
Ref: Palang Pracharath to vote for Pheu Thai PM candidate, party MP reveals
#PeopleMedia