• Follow Us on
Latest News

Home ဖီယူထိုင်းပါတီကတင်လာမယ့် ဝန်ကြီးချုပ်လောင်းကို Move Forward ပါတီက ထောက်ခံမဲပေးမည်မဟုတ်

ဖီယူထိုင်းပါတီကတင်လာမယ့် ဝန်ကြီးချုပ်လောင်းကို Move Forward ပါတီက ထောက်ခံမဲပေးမည်မဟုတ်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၆

 

ဖီယူထိုင်းပါတီက တင်သွင်းလာမယ့် ဝန်ကြီးချုပ်လောင်းကို Move Forward ပါတီက ထောက်ခံမဲမပေးဖို့ ပါတီ ဝင်တွေ တညီတညွတ်တည်းသဘောတူညီလိုက်ကြောင်း သိရပါတယ်။

 

ဖီယူထိုင်းပါတီကတင်လာမယ့် ဝန်ကြီးချုပ်လောင်းကို ကန့်ကွက်မဲပေးမလား၊ ကြားနေမဲပေးမလားဆိုတာကို တော့ နောက်ပိုင်းမှာ ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။

 

အင်္ဂါနေ့ (သြဂုတ်လ ၁၅ ရက်နေ့) မှာကျင်းပခဲ့တဲ့ Move Forward ပါတီရဲ့လွှတ်တော်အမတ်တွေအစည်းအဝေး အပြီးမှာ အခုဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ Move Forward ပါတီအနေနဲ့ ဖီယူထိုင်းပါတီက တင်သွင်းလာမယ့် ဝန်ကြီးချုပ်လောင်း ဆရက်သာသာဗီဆင် ကို ဘာ့ကြောင့်ထောက်ခံမဲမပေးရသလဲဆိုတာ အချက်သုံးချက်ရှိကြောင်း ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ချိုင်သာဝပ်တူလာထုန်က အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

 

ပထမဦးဆုံးအချက်ကတော့ ဖီယူထိုင်းပါတီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့မှာ မေလ ၁၄ ရက်နေ့က ထုတ်ဖော်ခဲ့တဲ့ လူထုဆန္ဒနဲ့မကိုက်ညီတဲ့ ပရာယွတ်အစိုးရအဖွဲ့ထဲမှာပါတဲ့ ပါတီတွေအတော်များများပါဝင်နေတာကြောင့်ဖြစ် တယ်လို့ ချိုင်သာဝပ်က ပြောပါတယ်။

 

ဒုတိယအချက်အနေနဲ့ ဖီယူထိုင်းပါတီရဲ့ဝန်ကြီးချုပ်လောင်းကို မဲပေးတာဟာ ဝန်ကြီးချုပ်ရွေးချယ်ရာမှာ အထက် လွှတ်တော်အမတ်တွေရဲ့လုပ်ပိုင်ခွင့်တွေကို ဖယ်ရှားပစ်ဖို့ ကြိုးပမ်းတာမဟုတ်ဘဲ Move Forward ပါတီကို ဖယ် ရှားပစ်ဖို့ ကြိုးပမ်းတာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

တတိယအချက်က အစိုးရသစ်ဆိုတာ လက်ရှိအစိုးရနဲ့ ဘာမှသိပ်ကွာခြားမှာမဟုတ်ဘဲ အစိုးရသစ်ဖွဲ့စည်းရေး ဟာလည်း ပြည်သူတွေရ့ဆန္ဒကို ထပ်ဟပ်ပေါ်လွင်စေမှာမဟုတ်ဘူးဆိုတာ သိသာထင်ရှားကြောင်း ချိုင်သာဝပ် က ပြောပါတယ်။

 

ဒီကနေ့ချမှတ်လိုက်တဲ့ ပါတီရဲ့ဆုံးဖြတ်ချက်ဟာ ပါတီရဲ့နိုင်ငံရေးမူဝါဒတွေနဲ့ ရွေးကောက်ပွဲမဲဆွယ်ကာလတွေ တုန်းက ပြည်သူကိုပေးထားခဲ့တဲ့ကတိကဝတ်ပေါ်မူတည်ပြီး ချမှတ်ခဲ့တာဖြစ်ကြောင်း ချိုင်သာဝပ်က အလေး ထားပြောကြားပါတယ်။

 

ဒီဆုံးဖြတ်ချက်ဟာ ဝန်ကြီးချုပ်လောင်းရဲ့ အရည်အချင်းသတ်မှတ်ချက်အပေါ် မူတည်ပြီး ချမှတ်ခဲ့တဲ့ဆုံးဖြတ် ချက် မဟုတ်ကြောင်း ၎င်းက ပြောပါတယ်။

 

ဖီယူထိုင်းပါတီရဲ့ဝန်ကြီးချုပ်လောင်းကို ထောက်ခံမဲမပေးဖို့ ဆုံးဖြတ်တာဟာ ဇူလိုင်လ ပထမအကြိမ် ဝန်ကြီးချုပ် ရွေးချယ်ပွဲတုန်းက Move Forward ပါတီရဲ့ဝန်ကြီးချုပ်လောင်း ပီတာလင်းဂျားရင်းနတ်ကို ထောက်ခံမဲပေးခဲ့တဲ့ ဖီယူထိုင်းပါတီကို သစ္စာဖောက်တာ မဟုတ်ကြောင်း ၎င်းက ပြောပါတယ်။

 

Move Forward ပါတီရဲ့ လွှတ်တော်အမတ်တွေဟာ ၎င်းတို့မဲဆန္ဒနယ်တွေကလူထုဆီက တုံ့ပြန်မှုတွေကို ရရှိ ထားကြောင်း၊ လူထုအနေနဲ့ ပရာယွတ်အစိုးရနဲ့ဆက်နွယ်တဲ့ပါတီတွေနဲ့ ပူးပေါင်းပြီး အစိုးရဖွဲ့မှာကို မလိုလား ကြောင်းလည်း ချိုင်သာဝပ်က ပြောပါတယ်။

 

ပြီးခဲ့တဲ့သီတင်းပတ်က တွေ့ဆုံဆွေးနွေးပွဲအပြီး ဖီယူထိုင်းမိသားစုအဖွဲ့ရဲ့အကြီးအကဲဖြစ်တဲ့ ပဲထောင်တန်ရှင်နာ ဝပ်ထရာနဲ့ ၎င်းတို့ပါတီ အဆက်အသွယ်မရသေးကြောင်း ချိုင်သာဝပ်က ပြောပါတယ်။

 

ဒါပေမဲ့ နိုင်ငံရေးအခြေအနေအရ အပြောင်းအလဲတစ်ခုခု ဖြစ်လာခဲ့ရင် ၎င်းတို့ပါတီနှစ်ခုအနေနဲ့ ပြန်လည်ဆက် သွယ်နိုင်သလို လူထုအကျိုးအတွက် ဆောင်ရွက်စရာတစ်စုံတရာ ပေါ်ပေါက်လာခဲ့ရင်လည်း ပါတီနှစ်ခု ပူးပေါင်း ဆောင်ရွက်နိုင်ကြောင်း ချိုင်သာဝပ်က ပြောပါတယ်။

 

Ref: Move Forward MPs will not vote for Pheu Thai’s prime ministerial candidate

 

#PeopleMedia


Share this post