ဖီယူထိုင်းပါတီကို ထိုင်းကုန်သည်ကြီးများအသင်း ထောက်ခံ

PUBLISHED - July 17, 2023
နိုင်ငံတကာ၊ ဇူလိုင် ၁၇
ဖီယူထိုင်းပါတီရဲ့ စီးပွားရေးမူဝါဒတွေဟာ ထိုင်းနိုင်ငံစီးပွားရေးပြန်လည်ကောင်းမွန်လာရေးအတွက်အထောက် အကူဖြစ်လိမ့်မယ်လို့ ပြောရင်း အစိုးရသစ်ဖွဲ့စည်းရေးအတွက် ဖီယူထိုင်းပါတီကို ထောက်ခံကြောင်း ထိုင်းနိုင်ငံ ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။
ညွန့်ပေါင်းအဖွဲ့ ၇ ပါတီက သဘောတူစာချွန်လွှာအရ ထောက်ခံလက်မှတ်ရေးထိုးပြီး ဖီယူထိုင်းပါတီက ဝန်ကြီး ချုပ်လောင်းအမည်စာရင်းတင်သွင်းရင်း အစိုးရသစ်ဖွဲ့စည်းလိုက်နိုင်တယ်ဆိုရင် ထိုင်းစီးပွားရေးရုတ်တရက်မြင့် တက်သွားလိမ့်မယ်လို့ ယုံကြည်ကြောင်း ထိုင်းကုန်သည်ကြီးများအသင်းဥက္ကဋ္ဌဆာနန် အန်ဂူဘိုလ်ကူလ်က ဘန် ကောက်ပို့စ်ကို ပြောပါတယ်။
“ဖီယူထိုင်းပါတီဟာ နိုင်ငံကိုအုပ်ချုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံရှိပါတယ်။ ပြီးတော့ သူတို့ပါတီရဲ့ မူဝါဒလေးငါးခုဟာ ဆိုရင် အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့တဲ့မူဝါဒတွေဖြစ်ပါတယ်။ ပြီးတော့ သူတို့ပါတီမှာ စီး ပွားရေး စီမံခန့်ခွဲနိုင်တဲ့ ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။” လို့ ၎င်းက ပြောပါတယ်။
“အစိုးရသစ်အဖွဲ့ကို ဖီယူထိုင်းပါတီကဦးဆောင်သွားမယ်ဆိုရင် အဲဒီအစိုးရသစ်ရဲ့စီးပွားရေးမူဝါဒတွေဟာ နိုင်ငံ ကို မြှင့်တင်ပေးသွားလိမ့်မယ်၊ အထူးသဖြင့် စီးပွားရေးပိုမိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်နိုင်ပြီး မညီမျှမှုတွေ ကို လျှော့ချသွားနိုင်လိမ့်မယ်လို့ ထိုင်းကုန်သည်ကြီးများအသင်းက ယုံကြည်ပါတယ်။” လို့ ၎င်းကပြောပါတယ်။
ပါတီခေါင်းဆောင် ပီတာလင်းဂျားရင်းနတ် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်မခံရဘူးဆိုရင် ဖီယူထိုင်းပါတီကို အစိုးရသစ်ဖွဲ့စည်းဖို့အတွက် ခေါင်းဆောင်ခွင့်ပြုဖို့ လိုလိုလားလား ဆန္ဒရှိကြောင်း Move Forward ပါတီက ပြောပါတယ်။
အထူးသဖြင့် ပြည်သူတွေရဲ့ နေ့စဉ်ဘဝအပေါ် အကျိုးသက်ရောက်မှုရှိတဲ့ အခြေခံပြဿနာတွေလို ချက်ချင်း အ ရေးယူဆောင်ရွက်ရမယ့်ပြဿနာတွေကို အစိုးရသစ်အနေနဲ့ ကိုင်တွယ်ဆောင်ရွက်ဖို့နဲ့ အသေးစားနဲ့ အလတ် စား စီးပွားရေးလုပ်ငန်းတွေကို ကူညီထောက်ပံ့ဖို့ကိုလည်း အသစ်ဖွဲ့စည်းမယ့် အစိုးရကို မစ္စတာဆာနန်က တိုက် တွန်းဆော်သြလိုက်ပါတယ်။
ပြည်သူတွေအနေနဲ့ ပိုပြီးချောင်ချောင်လည်လည်သုံးစွဲနိုင်အောင် အစိုးရသစ်အနေနဲ့ လူနေမှုအသုံးစရိတ်တွေ လျှော့ချပြီး ပြည်သူတွေရဲ့ဝင်ငွေမြင့်တက်လာအောင်လည်း စဉ်းစားဆောင်ရွက်ပေးသင့်ကြောင်း ၎င်းက ပြော ပါတယ်။
ဒါ့အပြင် Covid-19 ကပ်ရောဂါဘေးအပြီးမှာ ထိုင်းစီးပွားရေးပြန်လည်တည်ဆောက်ဖို့အတွက် အသေးစားနဲ့ အ လတ်စားစီးပွားရေးလုပ်ငန်းတွေအနေနဲ့ ရန်ပုံငွေရဖို့ လွယ်ကူတဲ့လမ်းကြောင်းတွေလိုအပ်ကြောင်းလည်း မစ္စတာ ဆာနန်က ပြောပါတယ်။
Ref: Pheu Thai power bid gains pace: Bangkok Post
#PeopleMedia