• Follow Us on

Home ဖီယူထိုင်းပါတီကို သက်ဆင်လာလည်တာဟာ လွှမ်းမိုးထိန်းချုပ်ဖို့ ကြိုးစားတာမဟုတ်ကြောင်း သယ်ပို့ ဒုဝန်ကြီး ပြော

ဖီယူထိုင်းပါတီကို သက်ဆင်လာလည်တာဟာ လွှမ်းမိုးထိန်းချုပ်ဖို့ ကြိုးစားတာမဟုတ်ကြောင်း သယ်ပို့ ဒုဝန်ကြီး ပြော

Share this post

နိုင်ငံတကာ၊ မတ် ၂၆

 

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ အင်္ဂါနေ့ (မတ်လ ၂၆ ရက်နေ့) မှာ ဖီယူထိုင်းပါတီဌာနချုပ် ကို လာရောက်လည်ပတ်ဖို့ စီစဉ်ထားတာဟာ ပါတီကို လွှမ်းမိုးထိန်းချုပ်ဖို့ ကြိုးစားတာမဟုတ်ကြောင်း သယ်ယူ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားလိုက်ပါတယ်။

 

ဖီယူထိုင်းပါတီရဲ့ လွှတ်တော်အမတ်လေးငါးဦးဟာ ဝန်ကြီးချုပ်ဟောင်းသက်ဆင်နဲ့ ရင်းနှီးတဲ့အတွက် ဖီယူထိုင်း ပါတီဌာနချုပ်ကို သက်ဆင်လာရောက်လည်ပတ်မယ်ဆိုတာ လွှတ်တော်အမတ်တွေအတွက် စိတ်ဓာတ်အားပေး မြှင့်တင်ဖို့အတွက် ကောင်းမွန်တဲ့လုပ်ရပ်ဖြစ်ကြောင်း ဒုဝန်ကြီး မာနာပွန်းချာရွန်ဆီရီက တနင်္ဂနွေနေ့က ပြောပါ တယ်။

 

သက်ဆင်ဟာ ပါတီဝင်တွေနဲ့ တွေ့ဆုံမယ်လို့ မထင်သလို လွှတ်တော်တွင်း ငြင်းခုန်ဆွေးနွေးဖို့ ကြိုတင်ပြင်ဆင် တဲ့ အပတ်စဉ်အစည်းအဝေးကိုလည်း တက်ရောက်မှာမဟုတ်ဘူးလို့ ဖီယူထိုင်းပါတီဝင် လွှတ်တော်အမတ် လည်းဖြစ်တဲ့ မာနာပွန်းက ပြောပါတယ်။

 

“သက်ဆင်ကို အလွန်လေးစားကြပါတယ်။ စီမံခန့်ခွဲမှုဖြစ်စေ ဆုံးဖြတ်ချက်ချရာမှာဖြစ်စေ ကျွန်မတို့ပါတီအလုပ် အမှုဆောင်အဖွဲ့ကသာ ဆောင်ရွက်တာမို့လို့ သက်ဆင်ရဲ့ခရီးစဉ်ဟာ ပါတီကို လွှမ်းမိုးထိန်းချုပ်ဖို့ ကြိုးစားတာမ ဟုတ်ပါဘူး။” လို့ ၎င်းက ပြောပါတယ်။

 

အင်္ဂါနေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်မှာ ဘန်ကောက် ဟွိုင်းခွမ်ခရိုင်မှာရှိတဲ့ ဖီယူထိုင်းပါတီဌာနချုပ်ကို သက်ဆင် ရောက်ရှိလာမှာဖြစ်ပြီး သက်ဆိုင်ရာပြည်နယ်အလိုက် လွှတ်တော်အမတ်တွေကတော့ သက်ဆင်နဲ့ တွေ့ဆုံဖို့ စု ဝေးထားကြမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

သက်ဆင်ရဲ့ ချင်းမိုင်ဘာသာရေးခရီးစဉ်အပြီးမှာ အခုခရီးစဉ်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

 

ချင်းမိုင်ခရီးစဉ်မှာ သက်ဆင်ဟာ လက်ရှိဝန်ကြီးချုပ် ဆရက်ထာထာဗီဆင်၊ ဝန်ကြီးချုပ်ဟောင်းဆွမ်ချိုင်းဝေါင်း ဆာဝတ်၊ လယ်ယာစိုက်ပျိုးရေးဝန်ကြီး သာမာနတ်ပရုမ်ပေါ စတဲ့ ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တွေ့ ဆုံခဲ့ပါတယ်။

 

အသက်အရွယ်ကြီးရင့်မှု/ ကျန်းမာရေးမကောင်းမှုတို့ကြောင့် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာ ပြီး သက်ဆင်ဟာ လက်ရှိအချိန်မှာ ဘန်ကောက် ချာရန်ဆာနစ်ဝေါင်းနယ်မြေ ဘန်းချန်းဆောင်းလာ အိမ်တော် ကြီးမှာ နေထိုင်လျက်ရှိပါတယ်။

 

လက်ရှိအာဏာရ ဖီယူထိုင်းပါတီဟာ သက်ဆင်ထူထောင်ခဲ့တဲ့ ထိုင်းရတ်ထိုင်းပါတီကို အမွေဆက်ခံခဲ့တဲ့ ပါတီ ဖြစ်ပါတယ်။ ထိုင်းရတ်ထိုင်းပါတီဟာ ၂၀၀၁ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့သလို ၂၀၀၅ ရွေးကောက်ပွဲမှာလည်း အောက်လွှတ် တော်အမတ် ၅၀၀ မှာ ၃၇၇ နေရာရရှိခဲ့ပြီး သောင်ပြိုကမ်းပြိုအနိုင်ရခဲ့ပါတယ်။

 

၂၀၀၆ ခုနှစ်မှာတော့ အာဏာသိမ်းထိုင်းစစ်တပ်က သက်ဆင်အစိုးရကို ဖြုတ်ချလိုက်ပြီး ထိုင်းရတ်ထိုင်းပါတီကို လည်း မဲမသမာမှုစွပ်စွဲချက်နဲ့ ဖျက်သိမ်းလိုက်ပါတယ်။ အလားတူ နိုင်ငံရေးသမား ၁၁၁ ဦးကိုလည်း နိုင်ငံရေး လုပ်ကိုင်ခွင့် ငါးနှစ် ပိတ်ပင်ခဲ့ပါတယ်။

 

အဲဒီလို ထိုင်းစစ်တပ်က နိုင်ငံရေးလုပ်ကိုင်ခွင့် ငါးနှစ် ပိတ်ပင်ခံလိုက်ရတဲ့ နိုင်ငံရေးသမားတွေထဲမှာ လက်ရှိ ဒုတိယဝန်ကြီးချုပ် ဝီချာယာချိုင်း၊ ဒုတိယဝန်ကြီးချုပ် ဆမ်ဆတ်သက်ဆူသင်နဲ့ ပြည်ထဲရေးဝန်ကြီး အနူတင် ချန်းဗီရာကူလ်တို့လည်း ပါဝင်ပါတယ်။

 

Ref: Thaksin’s party visit not to tighten power, insists minister

 

#PeopleMedia


Share this post