ဖီယူထိုင်းပါတီက ရန်သူတော်ဟောင်းတွေကို ချဉ်းကပ်နေ
![](https://cdn.myanmarseo.com/file/client-cdn/peoplemedia/wp-content/uploads/2023/08/364633528_127279693767221_8855925367736726811_n-624x421.png)
PUBLISHED - August 5, 2023
နိုင်ငံတကာ၊ သြဂုတ် ၅
ပါလန်ပရာချာရတ်ပါတီ (PPRP) ဟာ ထိုင်းအစိုးရသစ်ဖွဲ့စည်းနိုင်ဖို့အတွက် အနည်းဆုံး လွှတ်တော်အမတ် ၃၀၀ ထောက်ခံမဲရရှိအောင်ကြိုးပမ်းနေတဲ့ ဖီယူထိုင်းပါတီက ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့သစ်ကို ဝင်ရောက်လာနိုင် ဖွယ်ရှိကြောင်း ဖီယူထိုင်းပါတီသတင်းရင်းမြစ်တစ်ဦးက Bangkok Post ကို ပြောပါတယ်။
လက်ရှိအချိန်မှာ ဖီယူထိုင်းပါတီအနေနဲ့ အစိုးရသစ်ဖွ့ဲစည်းဖို့ တခြားပါတီတွေကထောက်ခံမဲတွေ စည်းရုံးနိုင်ပေမဲ့ အစိုးရသစ်ဖွဲ့စည်းဖို့ လိုအပ်တဲ့ အနည်းဆုံး ထောက်ခံမဲ ၃၀၀ ရရှိဖို့ တခြားပါတီတွေကို ၎င်းတို့ဖွဲ့စည်းမယ့် ညွန့် ပေါင်းအဖွဲ့ထဲကို ပူးပေါင်းပါဝင်ဖို့ ဆက်လက်စည်းရုံးနေဆဲဖြစ်ပါတယ်။
ဝန်ကြီးချုပ်ရွေးချယ်ပွဲကို ဆိုင်းငံ့ထားလိုက်တဲ့အတွက် ဖီယူထိုင်းပါတီအနေနဲ့ ညွန့်ပေါင်းအသစ်ဖွဲ့ဖို့ ပိုပြီးအချိန်ရ သွားတယ်လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိအချိန်မှာ ဖုန်ဂျိုင်ထိုင်းပါတီ၊ ချတ်ထိုင်းပတ္တနာပါတီ၊ ဒီမိုကရက်ပါတီနဲ့ ပါတီငယ်တချို့ပါဝင်တဲ့ ညွန့်ပေါင်း အဖွဲ့ထဲကို ဝင်ရောက်ဖို့ တခြားပါတီတချို့ကလည်းသဘောတူထားပြီးပြီလို့ ဆိုပါတယ်။
“တကယ်လို့ United Thai Nation ပါတီနဲ့ ပါလန်ပရာချာရတ်ပါတီ (PPRP) တို့ ညွန့်ပေါင်းအဖွဲ့ထဲဝင်ရောက်လာ မယ်ဆိုရင် လွှတ်တော်အမတ်အရေအတွက်ဟာ ၃၀၀ ဝန်းကျင်ဖြစ်သွားမှာဖြစ်ပါတယ်။” လို့ အဆိုပါသတင်းရင်း မြစ်က ပြောပါတယ်။
အဲဒီနှစ်ပါတီအနက် ပါတီခေါင်းဆောင်အဖြစ်ကနေ ဗိုလ်ချုပ်ကြီးဟောင်း ပရာဝတ်ဝေါင်ဆူဝန် နုတ်ထွက်လိုက် ပြီး နာရီပိုင်းအတွင်းမှာပဲ ၎င်းကို ပါတီခေါင်းဆောင်အဖြစ် ပြန်လည်ရွေးချယ်ခဲ့ပြီးနောက် ပါလန်ပရာချာရတ်ပါတီ (PPRP) ဟာ ညွန့်ပေါင်းအဖွဲ့ထဲဝင်ရောက်ဖို့ ပိုနီးစပ်တယ်လို့ ဆိုပါတယ်။
မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲမတိုင်ခင်က ပြောဆိုထားတဲ့ ၂၀၁၄ ခုနှစ်အာဏာသိမ်းမှုနဲ့ ပတ်သက်တဲ့ စစ် ခေါင်းဆောင်တွေပါဝင်တဲ့ ပါတီတွေ တစ်နည်းအားဖြင့် “ဦးလေးကြီးပါတီတွေ” နဲ့ လက်တွဲအလုပ်လုပ်မှာ မ ဟုတ်ဘူးလို့ ဖီယူထိုင်းပါတီက ပြောဆိုထားတဲ့အတွက် ဖီယူထိုင်းပါတီဟာ ပါလန်ပရာချာရတ်ပါတီ (PPRP) နဲ့ဖြစ်စေ United Thai Nation ပါတီနဲ့ ဖြစ်စေ ပူးပေါင်းလိုက်မယ်ဆိုရင် အကြီးအကျယ်အဝေဖန်ခံရမှာ ဖြစ် ကြောင်း လေ့လာသူတွေကပြောပါတယ်။
“ဦးလေးကြီး” ဆိုတာ United Thai Nation ပါတီရဲ့ အကြံပေးဖြစ်တဲ့ ဝန်ကြီးချုပ်ပရာယွတ်ချိန်အိုချာနဲ့ ပါလန်ပ ရာချာရတ်ပါတီ (PPRP) ရဲ့ခေါင်းဆောင်နဲ့ ဝန်ကြီးချုပ်လောင်းဖြစ်သူ ဗိုလ်ချုပ်ကြီး ပရာဝတ်တို့ကို ဆိုလိုတာဖြစ် ပါတယ်။
ပါလန်ပရာချာရတ်ပါတီ (PPRP) က ဗိုလ်ချုပ်ကြီးပရာဝတ်ကို ခေါင်းဆောင်အဖြစ် ပြန်လည်ရွေးချယ်လိုက်တာ ဟာ ၎င်းအနေနဲ့ မကြာခင်ထွက်ခွာတော့မယ့်အစိုးရအဖွဲ့ထဲက အမတ် ၁၈၈ ဦး၊ ပြိုင်ဘက်ပါတီတွေထဲက သင်း ကွဲအမတ်တချို့ရဲ့ မဲတွေနဲ့ လူနည်းစုအစိုးရဖွဲ့စည်းကောင်း ဖွဲ့စည်းနိုင်တယ်လို့ အချက်ပြလိုက်တာဖြစ်နိုင် ကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောပါတယ်။
“ထိုင်းဘုရင်စနစ်ကိုအကာအကွယ်ပေးထားတဲ့ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၁၂ ကို ပြင်ဆင်မယ်ဆိုတဲ့ ပါတီရဲ့ မူဝါဒကြောင့် Move Forward ပါတီကို ဖျက်သိမ်းလိုက်မယ်ဆိုရင် လူနည်းစုအစိုးရကို ဖွဲ့စည်းနိုင်ပါတယ်။” လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။
Ref: Pheu Thai courts old foe
#PeopleMedia