ဖီယူထိုင်းပါတီရဲ့ ဝန်ကြီးချုပ်လောင်းအဖြစ် ချိုင်းကာဆန်နီတီဆရီကို ရွေးချယ်
PUBLISHED - August 15, 2024
နိုင်ငံတကာ၊ သြဂုတ် ၁၅
ထိုင်းနိုင်ငံရဲ့ ၃၁ ဦးမြောက်ဝန်ကြီးချုပ်သစ်ရွေးချယ်ပွဲအတွက် ဖီယူထိုင်းပါတီက ဝန်ကြီးချုပ်လောင်းအဖြစ် ချိုင်း ကာဆန်နီတီဆရီကို ရွေးချယ်လိုက်ကြောင်း သိရပါတယ်။
သြဂုတ်လ ၁၄ ရက်နေ့ ညနေပိုင်းက သက်ဆင်ရှင်နာဝပ်ထရာရဲ့ ချန်ဆောင်းလာ နေအိမ်ကြီးမှာ ဖီယူထိုင်းပါ တီရဲ့ အဓိကခေါင်းဆောင်တွေ စုဝေးတိုင်ပင်ပြီး ဝန်ကြီးချုပ်လောင်းအဖြစ် ချိုင်းကာဆန်နီတီဆရီကို ရွေးချယ်ခဲ့ တာဖြစ်ပါတယ်။
သြဂုတ်လ ၁၄ ရက် ညနေ ၅ နာရီဝန်းကျင်မှာ ညွန့်ပေါင်းပါတီတွေက ခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေး သမားတွေရဲ့ကားတွေဟာ သက်ဆင်ရဲ့ ချန်ဆောင်းလာနေအိမ်ကြီးကို ဝင်ထွက်သွားလာနေကြတာကို တွေ့ မြင်နေရပါတယ်။
ဖီယူထိုင်းပါတီ လွှတ်တော်အမတ်တွေဟာ သြဂုတ်လ မနက် ၁၀ နာရီ အစိုးရအဖွဲ့အစည်းအဝေး တက်ရောက် ခြင်းမပြုမီ လွှတ်တော်အဆောက်အဦထဲမှာ အစည်းအဝေးတစ်ရပ် ကျင်းပသွားမှာဖြစ်ပါတယ်။
၁၉၄၈ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ တွဲဖက်ပါမောက္ခတစ်ဦးဖြစ်သူ ချိုင်းကာဆန်နီတီဆရီဟာ အသက် ၇၅ နှစ် ရှိပြီဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်ရဲ့ အကြံပေးအရာရှိဟောင်းဖြစ်ခဲ့တဲ့ ချိုင်းကာဆန်နီတီဆရီဟာ ယင်လတ်ရှင် နာဝပ်ထရာအစိုးရလက်ထက်မှာ မဟာဗျူဟာနဲ့ နိုင်ငံရေးညွှန်ကြားမှုဌာနရဲ့ ဥက္ကဋ္ဌ၊ တရားရေးဝန်ကြီးဌာန ဝန်ကြီးနဲ့ အရေးပေါ်အခြေအနေ ညှိနှိုင်းဖြေရှင်းရေးစင်တာရဲ့ အကြံပေးအရာရှိအဖြစ် တာဝန်တွေ ထမ်းဆောင် ခဲ့ဖူးကပါတယ်။
ဒါ့အပြင် ၎င်းဟာ လွှတ်တော်အမတ်ဟောင်းတစ်ဦးဖြစ်သလို ရှေ့နေချုပ်၊ ရှေ့နေချုပ်ရုံးညွှန်ကြားရေးမှူးချုပ်၊ ရှေ့နေချုပ်ရုံး ထိပ်တန်းရှေ့နေလည်း ဖြစ်ခဲ့ဖူုးပါတယ်။
အထက်တန်းပညာတွေကို ထိုင်းနိုင်ငံ Assumption School နဲ့ Pre-University School တို့မှာ တက်ရောက် သင်ကြားခဲ့တဲ့ ချိုင်းကာဆန်နီတီဆရီဟာ ဥပဒေဘွဲ့ကို ဒုတိယတန်းဂုဏ်ထူးတွေနဲ့ ချူလာလောင်ကွန် တက္ကသိုလ်က ရရှိခဲ့ပြီး ဥပဒေမဟာဘွဲ့ (L.L.M.) ကို အမေရိကန်ပြည်ထောင်စု ကိုလမ်ဘီယာတက္ကသိုလ်က ရရှိခဲ့ပါတယ်။
Ref: Pheu Thai selects Chaikasem Nitisiri as its candidate for Prime Minister
#PeopleMedia