• Follow Us on

Home ဖီယူထိုင်းအစိုးရဦးဆောင်မှုအောက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နဲ့အတူ ဒီမိုကရေစီအပြည့်အဝရတဲ့နိုင်ငံ အဖြစ် ထိုင်းနိုင်ငံ ပြန်လည်ထူုထောင်နိုင်မယ်လို့ ယဉ်လတ်ယုံကြည်

ဖီယူထိုင်းအစိုးရဦးဆောင်မှုအောက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နဲ့အတူ ဒီမိုကရေစီအပြည့်အဝရတဲ့နိုင်ငံ အဖြစ် ထိုင်းနိုင်ငံ ပြန်လည်ထူုထောင်နိုင်မယ်လို့ ယဉ်လတ်ယုံကြည်

Share this post

နိုင်ငံတကာ၊ မေ ၂၃

 

ပြည်သူ့ဆန္ဒနဲ့အညီ မကြာမီပြဋ္ဌာန်းမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နဲ့အတူ ဖီယူထိုင်းပါတီအစိုးရ ဦးဆောင်မှု အောက်မှာ ထိုင်းနိုင်ငံဟာ ဒီမိုကရေစီအပြည့်အဝရှိတဲ့ နိုင်ငံအဖြစ်ကို ပြန်လည်ရောက်ရှိလာမှာဖြစ်တယ်လို့ ယုံ ကြည်ကြောင်း ဝန်ကြီးချုပ်ဟောင်း ယဉ်လတ်ရှင်နာဝပ်ထရာက ဗုဒ္ဓဟူးနေ့ (မေလ ၂၂ ရက်နေ့က) က ပြော ကြားလိုက်ပါတယ်။

 

၂၀၁၄ ခုနှစ် မေလ ၂၂ ရက်နေ့က စစ်တပ်ကအာဏာသိမ်းဖြုတ်ချလိုက်တဲ့ အစိုးရအဖွဲ့က ဝန်ကြီးချုပ်ဟောင်း ယဉ်လတ်က အာဏာသိမ်းမှုနှစ်ပတ်လည်နေ့မှာ Facebook ပေါ်ကနေ အကောင်းမြင်ပို့စ်တစ်ခုတင်ပြီး ရေး သားခဲ့တာဖြစ်ပါတယ်။

 

“၂၀၁၄ မေလ ၂၂ ရက်နေ့ကနေတွက်ရင် ဆယ်နှစ်ကြာသွားပါပြီ။ အချိန်အတော်ကြာသွားပါပြီ။ ဒါပေမဲ့ လက်ရှိ အချိန်မှာ ကျွန်မမှာ မျှော်လင့်ချက်ရှိနေပါတယ်။” လို့ ယဉ်လတ်က ပြောပါတယ်။

 

“ပြည်သူ့အကျိုးအတွက် ပြည်သူတွေရေးဆွဲတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ခုနဲ့ ထိုင်းနိုင်ငံဟာ ဒီမိုကရေစီ နိုင်ငံအဖြစ်ကို ပြန်လည်ရောက်ရှိတာကို မြင်ရဖို့ ကျွန်မ မျှော်လင့်နေပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် တိုင်းပြည်ကို အကောင်းဆုံးအနေအထားရောက် အောင်ပို့ဆောင်ပေးနိုင်မှာဖြစ်ပြီး ပြည်သူတွေအတွက် ပိုမိုကောင်းမွန်တဲ့လူမှုဘဝတွေရရှိအောင် ဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

“ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ဟာ နိုင်ငံကို စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံဖြစ်အောင် ပို့ဆောင်သွားမှာကို တွေ့မြင်ရဖို့ ကျွန်မစောင့်နေပါတယ်။” လို့ ယဉ်လတ်က ပြောပါတယ်။

 

ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ်ထရာရဲ့ညီမဖြစ်သူ ယဉ်လတ်ဟာ ထိုင်းနိုင်ငံရဲ့ ပထမဦးဆုံး အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်သလို နိုင်ငံရဲ့ ၂၈ ယောက်မြောက်ဝန်ကြီးချုပ်လည်းဖြစ်ပါတယ်။

 

ယဉ်လတ်ဟာ ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ပြီး ၂၀၁၁ ခုနှစ် သြဂုတ်လ ၅ ရက် နေ့ကနေ ၂၀၁၄ ခုနှစ် မေလ ၇ ရက်နေ့အထိ ထိုင်းနိုင်ငံကို အုပ်ချုပ်ခဲ့သူဖြစ်ပါတယ်။

 

ဒီမိုကရက်တစ်လွှတ်တော်အမတ် ဆူသက်သောင်ဆူဘန်ဦးဆောင်တဲ့ ပြည်သူ့ဒီမိုကရက်တစ်ပြုပြင်ရေးကော်မ တီက လပေါင်းများစွာဆန္ဒပြခဲ့ပြီးနောက် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှာ အောက်လွှတ်တော်ကို ယဉ် လတ်က ဖျက်သိမ်းလိုက်ပါတယ်။

 

ရွေးကောက်ပွဲကျင်းပဖို့အတွက် ကြီးကြပ်ရာမှာ ခေတ္တဝန်ကြီးချုပ်အနေနဲ့ တာဝန်ထမ်းဆောင်နေစဉ်အတွင်း ယဉ်လတ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ၂၀၁၄ ခုနှစ် မေလ ၇ ရက်နေ့မှာ ရာထူးက ဖယ်ရှားလိုက်ပြီး ၎င်းရဲ့ကြားကာလအစိုးရကိုလည်း ၂၀၁၄ ခုနှစ် မေလ ၂၂ ရက်နေ့မှာ ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးပရာ ယွတ်ချန်အိုချာဦးစီးတဲ့ စစ်တပ်က ဖြတ်ချလိုက်ပါတယ်။

 

Ref: Yingluck confident of new people’s constitution under Pheu Thai govt

 

#PeopleMedia


Share this post