ဖုန်းအတွင်း၌ စစ်သင်တန်း တက်ရောက်ခဲ့သည့် မှတ်တမ်းဓါတ်ပုံများတွေ့ရှိ၍ မုံရွာမြို့ရှိ အမျိုးသမီးငယ်နှစ်ဦး ဖမ်းဆီးခံရ

PUBLISHED - March 21, 2022
မုံရွာ၊ မတ် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ဖုန်းအတွင်းမှ စစ်သင်တန်း တက်ရောက်ခဲ့သည့် မှတ်တမ်းဓါတ်ပုံများ တွေ့ရှိ၍ အမျိုးသမီးငယ်နှစ်ဦး ဖမ်းဆီးခံရကြောင်း ဒေသခံအချို့က ဆက်သွယ်ပြောဆိုသည်။
“ဖုန်းအတွင်းမှာ စစ်သင်တန်းတက်ရောက်တဲ့ပုံတွေ တွေ့လို့ အမျိုးသမီးငယ်နှစ်ဦး ဖမ်းဆီးခံခဲ့ရတာ” လို့ ဒေသ ခံ PDF အဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောဆိုသည်။
ဖမ်းဆီးခံရသူ အမျိုးသမီးငယ်နှစ်ဦးသည် မုံရွာမြို့၊ မဂ္ဂင်လမ်းရှိ ရွှန်းလဲ့နန္ဒာ စက်ချုပ်လုပ်ငန်းလုပ်ကိုင်သူများဖြစ် ကြောင်း ဒေသခံ PDF အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။
#PeopleMedia
(unicode)
………………………………..
#PeopleMedia