• Follow Us on

Home ဖောင်းပြင်မြို့အနီးတွင် အင်အားရစ်(ခ်)တာစကေး(၅.၅) အဆင့်ရှိ မြေငလျင်လှုပ်ခတ်

ဖောင်းပြင်မြို့အနီးတွင် အင်အားရစ်(ခ်)တာစကေး(၅.၅) အဆင့်ရှိ မြေငလျင်လှုပ်ခတ်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၂

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့အနီးတွင် ယနေ့ နံနက်စောပိုင်းက အင်အား ရစ်(ခ်)တာစကေး (၅.၅) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာနမှ သိရသည်။

 

စက်တင်ဘာလ (၁၂) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၀) နာရီ၊ (၀၁) မိနစ်၊ (၅၈) စက္ကန့်အချိန်တွင် တမူးမြေ ငလျင်စခန်းမှ အရှေ့မြောက်ဘက် (၃၅) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖောင်းပြင်မြို့၏ မြောက်-အနောက်မြောက်ဘက် (၁၆) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၄.၄၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၇၈) ဒီဂရီ၊ အနက် (၅၈) ကီလိုမီတာ ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၅) အဆင့်ရှိ အင်အားအသင့် အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post