• Follow Us on
Latest News

Home ဖေ့ဘုတ်ပိုင်ရှင် ဇူကာဘတ် ဒူးခေါင်းထိခိုက်ဒဏ်ရာကြောင့် ဆေးရုံတင်ထားရ

ဖေ့ဘုတ်ပိုင်ရှင် ဇူကာဘတ် ဒူးခေါင်းထိခိုက်ဒဏ်ရာကြောင့် ဆေးရုံတင်ထားရ

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၄

 

ဖေ့ဘုတ်စ်ကို စတင်တည်ထောင်ခဲ့တဲ့ မာ့ခ်ဇူကာဘတ်ဟာ အားကစားလေ့ကျင့်မှုအတွင်း ဒူးခေါင်းထိခိုက်မိ သွားတာကြောင့် ဆေးရုံတက်ကာ ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

 

“လာမယ့်နှစ် အစောပိုင်းမှာ MMA ပြိုင်ပွဲအတွက် လေ့ကျင့်မှုတွေ လုပ်ခဲ့ပေမယ့် အခုတော့ နည်းနည်း ရွှေ့ဆိုင်း လိုက်ရပါတယ်။ ပြန်ကောင်းပြီးရင်တော့ ဒါကို ဆက်လုပ်မှာပါ။ ချစ်ခြင်းမေတ္တာနဲ့ အားပေးမှုအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။” လို့ ဇူကာဘတ်က ပြောကြားခဲ့ပါတယ်။

 

MMA ပြိုင်ပွဲကို ဘယ်သူနဲ့ ယှဉ်ပြိုင်ထိုးသတ်သွားမလဲဆိုတာ မသိရသေးပေးမယ့် မာ့ခ်ဇူကာဘတ်ဟာ ကမ္ဘာ့ အချမ်းသားဆုံးထဲက တစ်ယောက်ဖြစ်တဲ့ အီလွန်မက်စ်နဲ့ ယှဉ်ပြိုင်ထိုးသတ်ဖို့ စီစဉ်ခဲ့ကြပါသေးတယ်။

 

#PeopleMedia


Share this post