ဖျာပုံမြို့တွင် သတင်းပေးဟု သတ်မှတ်ခံရသူ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

PUBLISHED - August 19, 2021
နေပြည်တော်၊ သြဂုတ် ၁၉ (People Media)
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၊ ကျွန်းတောလမ်းအနီးတွင် ယနေ့ နေ့လည်ပိုင်းက သတင်းပေးဟု သတ်မှတ်ခံထားရသူ ကိုအောင်ကြီး သေနတ်ဖြင့် ပစ်ခတ်သတ်ခံရ၍ သေဆုံးသွားကြောင်း ယင်းမြို့နယ် နေထိုင်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ကိုအောင်ကြီးဆိုသူမှ ဆိုင်ကယ်မောင်းနှင်လာချိန် ဘေးနားကပ်၍ သေနတ်ဖြင့် အနီးကပ်ပစ်ခတ် သွားရာ ၎င်းမှာ နေရာမှာတင် သေဆုံးသွားကြောင်း သိရသည်။
လက်ရှိ အဆိုပါအခင်းဖြစ်ပွားရာနေရာအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လာရောက် စစ်ဆေးလျက်ရှိပြီး၊ သေဆုံး သူ၏ အလောင်းကို လူမှုကူညီရေးအသင်းမှ လာရောက်သယ်ဆောင်သွားကြောင်း သိရသည်။
#PeopleMedia #ဖျာပုံမြို့
(unicode)
…………………………………………………………….