• Follow Us on

Home ဖျက်သိမ်းခံ Move Forward ပါတီရဲ့ လွှတ်တော်အမတ်တွေ ပါတီဌာနချုပ်ပြောင်းပြီ

ဖျက်သိမ်းခံ Move Forward ပါတီရဲ့ လွှတ်တော်အမတ်တွေ ပါတီဌာနချုပ်ပြောင်းပြီ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၉

 

ဖျက်သိမ်းခံလိုက်ရတဲ့ Move Forward ပါတီက လွှတ်တော်အမတ် ၁၄၃ ဦးဟာ ပါတီအိမ်နေရာသစ်ကို ပြောင်း ရွှေ့ခဲ့ကြပြီး ပါတီရဲ့ Facebook page နာမည်ကိုလည်း People’s Party (ပြည်သူ့ပါတီ) လို့ အမည်ပြောင်းလိုက် ပါတယ်။

 

ပါတီခေါင်းဆောင်အဖြစ် အသစ်ခန့်အပ်လိုက်တဲ့ နတ်သပေါင်ရောင်းပန်းယာဝတ်ကလည်း ဖျက်သိမ်းခံရတဲ့ ပါတီက တခြားလွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီဝင်တွေနဲ့အတူ ဘန်ကောက်မြို့ ပတ်ချာဘူရီလမ်းသစ်မှာ ရှိတဲ့ Thai Summit Tower ကို ရောက်ရှိလာပါတယ်။

 

ပါတီသစ်နဲ့ ၎င်းတို့ရဲ့ အမှုဆောင်အဖွဲ့ဝင်တွေကို မကြာခင် တရားဝင်ကြေညာသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ “ဒီမိုကရေစီနိုင်ငံရေးစနစ်တစ်ခုမှာ တန်ဖိုးအထားရဆုံးနဲ့ အဓွန့်ရှည်အတည်တံ့ဆုံးသော အင်စတီကျူးရှင်းဟာ တိုင်းပြည်ကို အုပ်ချုပ်ရာမှာ အမြင့်ဆုံးအာဏာကို ကိုင်စွဲထားတဲ့ ပြည်သူတွေပဲဖြစ်ပါတယ်။” လို့ ပါတီရဲ့နာမည် နဲ့ အမှတ်တံဆိပ်သစ်ကို ကြေညာနေစဉ်အတွင်း Facebook ပေါ်က ပို့စ်တစ်ခုမှာ တင်ခဲ့ပါတယ်။

 

ပါတီသစ်ဟာ ပြည်သူတွေက အမြင့်ဆုံးအာဏာကို ပိုင်ဆိုင်မယ့် ထိုင်းနိုင်ငံကို တည်ထောင်သွားဖို့အတွက် ပြည် သူ့အတွက်၊ ပြည်သူက ရွေးချယ်မယ့် ပါတီတစ်ရပ်ဖြစ်လာမှာဖြစ်ပါတယ်လို့ ပို့စ်မှာဖော်ပြထားပါတယ်။

 

ကြာသပတေး (သြဂုတ်လ ၈ ရက်နေ့) ညပိုင်းက Move Forward ပါတီရဲ့ အဓိကအဖွဲ့ဝင်တွေနဲ့ လွှတ်တော်အ မတ်တွေက ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်နဲ့ ဒုတိယအထွေထွေအတွင်းရေးမှူးဟောင်း မစ္စတာနတ်သပေါင် ကို ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်လိုက်ကြတာဖြစ်ပါတယ်။

 

ချူလာလောင်ကွန်တက္ကသိုလ်က ကွန်ပျူတာအင်ဂျင်နီယာဘွဲ့ရထားတဲ့ အသက် ၃၇ နှစ်အရွယ် မစ္စတာ နတ် သပေါင်ဟာ Cloud Service ကုမ္ပဏီတစ်ခုဖြစ်တဲ့ Absolute Management Solutions ကုမ္ပဏီမှာ အမှုဆောင် အရာရှိတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

 

မစ္စတာနတ်သပေါင်ဟာ ၂၀၁၉ ခုနှစ်မှာ Future Forward ပါတီနဲ့အတူ နိုင်ငံရေးလောကထဲကို စတင်ဝင် ရောက်ခဲ့ပြီး ၎င်းဝင်ရောက်ခဲ့တဲ့ Future Forward ပါတီကို နို်င်ငံရေးပါတီများ လှူဒါန်းခြင်းဆိုင်ရာ ရွေး ကောက်ပွဲဥပဒေတွေကို ချိုး ဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၀ ပြည့်နှစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေတရား ရုံးက ဖျက်သိမ်းခဲ့ပါတယ်။

 

အခုလို ပါတီဌာနချုပ်သစ်မှာ လွှတ်တော်ကိုယ်စားလှယ်အားလုံး စုဝေးတက်ရောက်လာကြတာဟာ Move Forward ပါတီရဲ့အလုပ်တွေကို ဆက်လုပ်ဖို့ ၎င်းရဲ့ ခိုင်မာပြတ်သားတဲ့ဆုံးဖြတ်ချက်ကို ပိုမိုအားကောင်းလာ အောင်မြှင့်တင်ပေးလိုက်ခြင်းဖြစ်ကြောင်း မစ္စတာနတ်သပေါင်က ပြောပါတယ်။

 

အသေးစိတ်ကိုတော့ တရားဝင် သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုသွားမှာဖြစ်ကြောင်း ၎င်းက ပြောပါ တယ်။

 

အစောပိုင်းကတော့ နိုင်ငံရေးလုပ်ကိုင်ခွင့် ပိတ်ပင်ခံရတဲ့ လွှတ်တော်အမတ် ၁၁ ဦးထဲမှာ မပါတဲ့ ပါတီဒုတိယ ခေါင်းဆောင်ဖြစ်သူဆီရိကန်ညာတန်ဆာကူလ် ပြည်သူ့ပါတီခေါင်းဆောင်ဖြစ်လာလိမ့်မယ်လို့ နာမည်ထွက်ခဲ့ ပါတယ်။ အပြောင်းအလဲတချို့ရှိနိုင်ပေမဲ့ ပါတီရဲ့အဓိက လမ်းစဉ်မူဝါဒကတော့ ပြောင်းလဲမှာမဟုတ်ကြောင်း အသက် ၄၃ နှစ်အရွယ် စီးပွားရေးပညာရှင် ဆီရိကန်ညာက ပြောပါတယ်။

 

Move Forward ပါတီဟာ ထိုင်းဘုရင်စနစ်ကို အကာအကွယ်ပေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁၂ ကို ပြန်လည်ပြင်ဆင်မယ်လို့ ရွေးကောက်ပွဲကတိပေးခဲ့ပြီး စည်းမျဉ်းခံဘုရင်စနစ်နဲ့ အမျိုးသားလုံခြုံရေး ထိခိုက် အောင် ပြစ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ဗုဒ္ဓဟူးနေ့က ပါတီကို ဖျက်သိမ်း လိုက်တာဖြစ်ပါတယ်။

 

ဒါ့အပြင် Move Forward ပါတီရဲ့ အမှုဆောင်အရာရှိ ၁၁ ဦးကိုလည်း နိုင်ငံရေးလုပ်ကိုင်ခွင့် ၁၀ နှစ် ပိတ်ပင် လိုက်ပါတယ်။

 

တရားရုံးက ပါတီဖျက်သိမ်းကြောင်း မကြေညာခင်မှာ ပါတီဘက်ပြောင်းဖို့အတွက် ဘတ်ငွေ သန်း ၂၀ ကနေ သန်း ၃၀ အထိ ပေးမယ်လို့ ၎င်းကို အစိုးရဝန်ကြီးတစ်ဦးရဲ့လက်ထောက်အရာရှိတစ်ဦးက ကမ်းလှမ်းလာခဲ့ ကြောင်း ချာချင်ဆောင်ပြည်နယ်ရဲ့ Move Forward ပါတီလွှတ်တော်အမတ် ဂျီရတ်သောင်ဆူဝန်က ပြောပါ တယ်။

 

အစိုးရဝန်ကြီးအဖွဲ့ဝင်တွေက အဲဒီလိုဆောင်ရွက်ခဲ့တယ်ဆိုတာ မဟုတ်မှန်ကြောင်း နောက်ပိုင်းမှာ ဝန်ကြီးချုပ် ဆရက်ထာထာဗီဆင်က ငြင်းဆိုခဲ့ပါတယ်။

 

Ref: Dissolved Move Forward MPs move to new party

 

#PeopleMedia


Share this post