• Follow Us on
Latest News

Home ဖျော်ဖြေရေးနေရာတွေ ဖွင့်လှစ်ချိန် တိုးမြှင့်ပေးဖို့ ထိုင်းအစိုးရ စဉ်းစားနေ

ဖျော်ဖြေရေးနေရာတွေ ဖွင့်လှစ်ချိန် တိုးမြှင့်ပေးဖို့ ထိုင်းအစိုးရ စဉ်းစားနေ

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၅

 

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမြှင့်တင်ဖိုနဲ့ ဒေသတွင်းစီးပွားရေးမြှင့်တင်ဖို့အတွက် ကြိုးပမ်းမှုတစ်ရပ်အဖြစ် အ ရက်ဆိုင်များ၊ ဘားများ၊ ကာရာအိုကေများ အစရှိတဲ့ ဖျော်ဖြေရေးနေရာတွေ ဖွင့်လှစ်ချိန်ကို တိုးမြှင့်ပေးဖို့အ တွက် အစိုးရကစဉ်းစားနေကြောင်း ထိုင်းဝန်ကြီးချုပ်ဆရက်ထာက ဗုဒ္ဓဟူးနေ့ (အောက်တိုဘာလ ၄ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

အောက်တိုဘာလ ၄ ရက်နေ့က ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ကရုန်ထက်ပ်ထူရကစ်သတင်းစာက ကမကထ လုပ်ပြီးကျင်းပခဲ့တဲ့ “၂၀၂၄ ခုနှစ် ထိုင်းစီးပွားရေးအလားအလာ” ဆိုတဲ့ပွဲမှာ ဘဏ္ဍာရေးဝန်ကြီးတာဝန်ပါ ယူထား တဲ့ ဝန်ကြီးချုပ်ဆရက်ထာက မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

 

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမြှင့်တင်ဖို့ ပြောကြားရမှာ အားသာချက်တချို့ရှိနေပေမဲ့လည်း ထိုင်းနိုင်ငံအနေနဲ့ ကမ္ဘာလှည့်ခရီးသည်ဆွဲဆောင်နိုင်မှုမြှင့်တင်ရေးနဲ့ ကမ္ဘာ့အဆင့်မီပွဲတော်တွေ ပြင်ဆင်ကျင်းပရေးမှာ လိုအပ်နေ ဆဲဖြစ်ကြောင်း ဝန်ကြီးချုပ်က ထောက်ပြပါတယ်။

 

“ဒါ့အပြင် စည်းမျဉ်းတွေ၊ စည်းကမ်းတွေ အားလုံးကို လိုက်နာဆောင်ရွက်နေကြပါတယ်လို့ ကျွန်တော်တို့ ကိုယ့် ကိုယ်ကိုယ်ညာနေကြတုန်းပါပဲ။” လို့ ဆရက်ထာက ပြောပါတယ်။

 

စားသုံးသူတွေက ဆိုင်ပိတ်ခါနီးအချိန်ဖြစ်တဲ့ ည ၁၀ နာရီ/၁၁ နာရီဝန်းကျင်လောက်မှာ အရက်ဆိုင်တွေ/ ဘား တွေကို သွားလေ့ရှိရာ ဆိုင်တချို့က သတိမမူဘဲ ဆက်ဖွင့်ထားလေ့ရှိကြောင်း ၎င်းက ပြောပါတယ်။

 

“တစ်ဖက်ကကြည့်ရင် အဲဒီလိုဖျော်ဖြေရေးနေရာတွေကို ၂၄ နာရီ ဖွင့်ခွင့်ပြုထားလိုက်ရင်လည်း လူမှုရေးပြဿ နာတွေ၊ လုံခြုံရေးပြဿနာတွေ ရှိလာနိုင်ပါတယ်။ ဒါ့ကြောင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဗဟိုချက်မဖြစ်လာဖို့ အတွက် တခြားမြို့ကြီးတွေနဲ့နှိုင်းယှဉ်ကြည့်တဲ့အခါမှာ ထိုင်းနိုင်ငံကို ပိုမိုကောင်းမွန်တဲ့နိုင်ငံဖြစ်လာအောင် လက် ရှိဆိုင်ပိတ်ချိန်ကို မနက် ၁ နာရီသတ်မှတ်ထားတာ လုံလောက်မှုရှိရဲ့လားဆိုတာ ကျွန်တော်တို့ ပြန်စဉ်းစားဖို့ လို ပါတယ်။” လို့ ဆရက်ထာက ပြောပါတယ်။

 

လက်ရှိအချိန်မှာ ထိုင်းနိုင်ငံမှာ မြို့နေရာနဲ့ လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီး ဖျော်ဖြေရေးဆိုင်တွေကို မနက် ၁ နာရီ ဒါမှမဟုတ် ၂ နာရီအထိ ဥပဒေအရ ဖွင့်လှစ်ခွင့်ပြုထားပါတယ်။

 

ယာဉ်တိုက်မှုနဲ့ ရာဇဝတ်မှုတွေလို အရက်သေစာသောက်စားမှုနဲ့ဆက်စပ်တဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး နိုင်ငံ ရေးပါတီလေးငါးခုက စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပေမဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအ တွက် သီးသန့်ရွေးချယ်ထားတဲ့မြို့ကြီးတွေမှာ ဆိုင်ပိတ်ချိန်ကို မနက် ၄ နာရီအထိ တိုးမြှင့်ပေးဖို့ အရင်အစိုးရ လက်ထက်ကတည်းက ဆွေးနွေးခဲ့တဲ့ကိစ္စဟာ လက်ရှိအချိန်အထိ ဆွေးနွေးနေဆဲပဲရှိပါသေးတယ်။

 

ထိုင်းနိုင်ငံပိုမိုတိုးတက်လာအောင်ဆောင်ရွက်ရာမှာ အခွန်ကောက်ယူမှုမြှင့်တင်ရေးစနစ်နဲ့အတူ ဖျော်ဖြေရေး နေရာတွေ ဆိုင်ပိတ်ချိန်ကိုလည်း တိုးချဲ့ပေးသွားမှာဖြစ်ကြောင်း ဆရက်ထာက ပြောပါတယ်။

 

“တရုတ်ခရီးသွားတွေအတွက် ဗီဇာကင်းလွတ်ခွင့်အစီအစဉ် စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီး သွားလုပ်ငန်းမြှင့်တင်ဖို့နဲ့ ထိုင်းနိုင်ငံကို ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းရဲ့ ဗဟိုချက်ဖြစ်လာအောင်ဆောင်ရွက်ဖို့၊ ထိုင်းနိုင်ငံကို ကမ္ဘာလှည့်ခရီးသွားတွေ လာလည်ချင်တဲ့နေရာဖြစ်လာအောင်ဆောင်ရွက်ဖို့ အစိုးရမှာ နောက် ထပ်လုပ်စရာတွေ အများကြီးရှိနေပါသေးတယ်။” လို့ ၎င်းက ပြောပါတယ်။

 

“ဒီမူဝါဒတွေမှာ အကျိုးရောအပြစ်ပါ ရှိတယ်ဆိုတာ အစိုးရအနေနဲ့ သိပါတယ်။ ဒ့ါကြောင့် နှစ်ဖက်စလုံးမှာ သ တင်းအချက်အလက်ဆက်သွယ်ရေး လိုအပ်ပါတယ်။ အပြုသဘောဆောင်တဲ့ဝေဖန်ချက်တွေနဲ့အတူ ရိုးသား ပွင့်လင်းစွာ ဆွေးနွေးကြဖို့ အဖွဲ့အစည်း/လူပုဂ္ဂိုလ်အားလုံးကို ကျွန်တော်တိုက်တွန်းပါတယ်။” လို့ ဝန်ကြီးချုပ် ဆ ရက်ထာက ပြောပါတယ်။

 

Ref: Licensing hours for bars, karaoke clubs under review

 

#PeopleMedia


Share this post