• Follow Us on
Latest News

Home ဖြတ်သန်းသွားလမ်းခွင့် ပိတ်ထားသည့် နန်ဆန်ယန် လမ်းကြောအား ဖြတ်မောင်းသည့် ယာဉ်တစ်စီးကို KIA လက်နက်ကိုင်အဖွဲ့မှ ပစ်ခတ်၍ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိ

ဖြတ်သန်းသွားလမ်းခွင့် ပိတ်ထားသည့် နန်ဆန်ယန် လမ်းကြောအား ဖြတ်မောင်းသည့် ယာဉ်တစ်စီးကို KIA လက်နက်ကိုင်အဖွဲ့မှ ပစ်ခတ်၍ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိ

Share this post

EPN

မြစ်ကြီးနား၊ ဇူလိုင် ၁၉

 

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဒဘတ်ယန်ကျေးရွာအုပ်စု၊ မလန်းယန်ကျေးရွာနှင့် မလိယန်ကျေးရွာကြား တွင် KIA လက်နက်ကိုင်အဖွဲ့မှ ပစ်ခတ်၍ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး သေနတ်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

 

မြစ်ကြီးနားမှ ဗန်းမော်သို့ သွားရန် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတို့သည် ယမန်နေ့က Honda Odyssey ယာဉ်အမျိုးအစား၊ ယာဉ်အမှတ်-MDY 2D-3605 ဖြင့် ဝိုင်းမော်မြို့နယ်၊ နန်ဆန်ဘက်သို့ သွားရာလမ်းတွင် ပစ်ခတ်ခံခဲ့ရပြီး သေနတ်ဒဏ်ရာအသီးသီး ရရှိခဲ့ကာ အမျိုးသမီးမှာ သေနတ်ဒဏ်ရာစိုးရိမ်ရကြောင်း ဒေသခံ များက ဆိုသည်။

 

“ဒေါ်ဂျာဘောက်နဲ့ ဦးဖော်ယမ်နော်တို့ (၂) ဦး ၁၁ နာရီ အချိန်ခန့်လောက်က မြစ်ကြီးနား – ဝိုင်းမော် – ဗန်းမော် ကားလမ်းမကြီးအတိုင်း မောင်းနင်းသွားကြတယ်။ ဒဘတ်ယန်ကျေးရွာအုပ်စု၊ မလန်းယန်ကျေးရွာနဲ့ မလိယန် ကျေးရွာကြားမှာ မော်တော်ယာဉ်ကို KIA အဖွဲ့က ပစ်ခတ်လိုက်တာ အမျိုးသားနဲ့ အမျိုးသမီးနှစ်ဦး ပြင်းထန် ဒဏ်ရာတွေနဲ့ ဝိုင်းမော်ဘက္ပြန်မောင်းပြေးခဲ့ရတယ်” ဟု အင်းလေး‌ကျေးရွာ ဒေသခံတစ်ဦးက ရှင်းပြသည်။

 

ယင်းပစ်ခတ်မှုကြောင့် ဒေါ်ဂျာအောင်၏ ဝဲဘက်နားထင် ပွင့်ထွက်ခြင်း၊ ဘယ်ပခုံးသေနတ်ဒဏ်ရာနှင့် ယာခြေ ဖနောင့်သေနတ်ဒဏ်ရာ(စိုးရိမ်ရ) ပြီး၊ ဦးဖော်ယမ်နော်တွင်လည်း ဝဲခြေသလုံးသေနတ်ဒဏ်ရာများဖြင့် ဝိုင်း မော်မြို့ဘက်သို့ ပြန်လည်မောင်းနှင်လာခဲ့ရာ နောင်စီပေါကျေးရွာအုပ်စု၊ အင်းလေးကျေးရွာအနီး ဒေသခံများ တွေ့ရှိ၍ မွန်မြတ်စေတနာလူမှုကူညီရေးအသင်းပိုင်ယာဉ်ဖြင့် နေ့လည် ၁၂ ခွဲအချိန်တွင် ဝိုင်းမော်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်၍ အရေးပေါ်ကုသမှုပေးခဲ့ပြီး ၁ နာရီအချိန် မြစ်ကြီးနားဆေးရုံကြီးသို့ ဆက်လက်လွှဲပြောင်း ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ လမ်းပိုင်းတွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း KIA လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်မှုကြောင့် ခရီးသွားကားတစ်စီး ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

 

အဆိုပါ လမ်းပိုင်းသည် တပ်မတော်နှင့် KIA လက်နက်ကိုင်အဖွဲ့တို့  ဇူလိုင်လ ၃ ရက်နေ့ကစ၍ တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ယင်းလမ်းပိုင်းအား ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားကြောင်း သိရသည်။

 

ပိုင်ကြီး

 

#Newvisionmedia


Share this post