ဖြူးမြိုနယ် ညောင်ပင်သာနယ်မြေရဲစခန်းတိုက်ပွဲ၌ စခန်းမှူး ဘယ်ရောက်မှန်းမသိဖြစ်နေ၊ တိုက်ပွဲအတွင်း လုံခြုံရေးအဖွဲဝင် ၅ ဦးကျဆုံး
PUBLISHED - December 13, 2023
ပဲခူး၊ ဒီဇင်ဘာ ၁၃
ပဲခူးတိုင်း၊ ဖြူးမြိုနယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းအနီးရှိ ညောင်ပင်သာနယ်မြေရဲစခန်းကို လာရောက် တိုက်ခိုက်သည့် KNU/PDF အဖွဲများကို လက်ရုံးရည်၊ နှလုံးရည်အပြည့်ဖြင့် တိုက်ခိုက်ရင်း ဒု-ရဲအုပ် နိုင်လင်း ထွန်း ကျဆုံးခဲ့သည်။
“တိုက်ပွဲစဖြစ်ချိန်က နံနက် ၄ နာရီမှာ ဖြစ်တာ။ တိုက်ပွဲဖြစ်တဲ့အချိန် စခန်းမှူးက ဘယ်ရောက်သွားမှန်း မသိဘူး။ တိုက်ပွဲပြီးတဲ့အချိန်ထိ ပြန်ရောက်မလာဘူး။ အဲ့ဒီအချိန်မှာ ဒု-ရဲအုပ် နိုင်လင်းထွန်းက ကွပ်ကဲရတာ။ ၄း၄၅ မိနစ်မှာ သူက ကျသွားတယ်။ သူ့ရဲ့ အမျိုးသမီးက ခြေထောက်မှာ လက်နက်ကြီးစ ထိမှန်ထားတယ်။”လို ပြောဆိုသည်။
အဆိုပါ တိုက်ပွဲ၌ ဒု-ရဲအုပ်နိုင်လင်းထွန်း၊ ရဲတပ်သားသူရအောင် ကျဆုံးခဲ့သလို တပ်မတော်သား ၃ ဦး စုစုပေါင်း ၅ ဦး ကျဆုံးခဲ့သည်။ မုန်းမြိုတိုက်ပွဲတွင် ထွက်ပြေးလာသော KNU/PDF အဖွဲများသည် ဖြူးမြိုနယ်၊ ကညွတ် ကွင်းမြိုအနီး၊ စစ်တောင်းမြစ်အရှေ့ခြမ်းရှိ ကျေးရွာများ၌ ခြေကုတ်ယူထားသော အဖွဲများနှင့် ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ကညွှတ်ကွင်းမြိုနှင့် စစ်တောင်းမြစ်သည် ၁၂မိုင်သာဝေးသည်။
#PeopleMedia