• Follow Us on
Latest News

Home ဖြူးမြို့တွင် ချစ်သူနှစ်ဦး ချိန်းတွေ့ရာ ချစ်သူကောင်လေးမှ အသင့်ပါလာသည့် ဓားနှင့် ချစ်သူကောင်မလေးကို ဓားဖြင့်ထိုးသတ်

ဖြူးမြို့တွင် ချစ်သူနှစ်ဦး ချိန်းတွေ့ရာ ချစ်သူကောင်လေးမှ အသင့်ပါလာသည့် ဓားနှင့် ချစ်သူကောင်မလေးကို ဓားဖြင့်ထိုးသတ်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၉

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့၊ ဗထူး(၆) လမ်း၊ ရွှေကျင်မြောက်အနီးတွင် ချစ်သူနှစ်ဦး ချိန်းတွေ့ရာ ချစ်သူကောင်လေးမှ အသင့်ပါလာသည့် ဓားနှင့် ချစ်သူကောင်မလေးကို ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၂၇ ရက် နေ့ခင်းအချိန်တွင် ချစ်သူကောင်လေးမှ ရွှေကျင်မြောက်အနီးသို့ ချိန်းဆိုရာ ချစ်သူ ကောင်မလေးမှ ထိုနေရာသို့ သွားရောက်ခဲ့ပြီး ထိုအချိန်တွင် ချစ်သူကောင်လေးတွင် အသင့်ပါလာသည့် ဓားဖြင့် ချစ်သူမိန်းကလေး၏ လည်ပင်းကို ဓားဖြင့်ထိုးသတ်သောကြောင့် အခင်းနေရာတွင် ချစ်သူကောင်မလေးမှာ သေဆုံးသွားကြောင်း ဖြစ်စဉ်နေရာသို့ တာဝန်ရှိသူများနှင့် ဒေသခံလူမှုကူညီရေးအသင်းမှ သွားရောက်ကူညီခဲ့ ကြောင်း သိရသည်။

 

“နေ့ခင်းကြီး သတ်ခံရတာ။ သူတို့နှစ်ယောက်က ချစ်သူတွေ၊ သမီးရည်းစား ချိန်းတွေ့ကြတာ။ သူတို့မှာ ဘာကိစ္စရှိလည်းတော့ မသိဘူး။ ကောင်လေးစီမှာ ပါလာတဲ့ဓားနဲ့ သူ့ချစ်သူကို ထိုးသတ်လိုက်တာ။ ကျူးလွန်တဲ့ ကောင်လေးကိုတော့ ဖမ်းထားတယ်။ နှစ်ယောက်စလုံးက ဖြူးမြို့က” လို့ ဖြူးမြို့တွင် နေထိုင်သူတစ်ဦးမှ ပြော ပါတယ်။

 

ထိုသတ်ခံရသည့် မိန်းကလေးမှာ အသက် (၂၅) နှစ်အရွယ် မခြူးခက်နွယ်ဖြစ်ပြီး၊ ၎င်းမှာ ဗထူး (၆) လမ်းတွင် နေထိုင်သူတစ်ဦးဖြစ်ပြီး သတ်ဖြတ်ခံရသည်မှာ ၎င်းနေထိုင်သည့် နေအိမ်၏မြောက်ဘက်တွင် သတ်ဖြတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post