ဖြူး- အုတ်ဖြတ်ကားလမ်းနှင့် ဝဲကြီးကျေးရွာသို့ ဆက်သွယ်ထားသည့် တံတားအား KNU/PDF အဖွဲ့ဝင်များမှ မိုင်းထောင်ဖျက်ဆီး
PUBLISHED - September 20, 2023
နေပြည်တော်၊ စက်တင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဖြူး- အုတ်ဖြတ်ကားလမ်းနှင့် ဝဲကြီးကျေးရွာသို့ ဆက်သွယ်ထားသော တံတားအား KNU/PDF အဖွဲ့ဝင်များမှ မိုင်းထောင်ဖျက်ဆီးသွားကြောင်း သိရသည်။
စက်တင်ဘာလ (၁၉)ရက် ည (၁၀)နာရီအချိန်ခန့်တွင် အဆိုပါတံတားအား KNU/PDF အဖွဲ့ဝင်များမှ မိုင်းထောင်ဖျက်ဆီးခဲ့ခြင်းကြောင့် တံတား၏ မြောက်ဘက်အစပ်မှ (၁၀)ပေ (၅)ကန့် စုစုပေါင်း ပေ (၅၀) ပျက်စီးခဲ့ပြီး တံတားထိပ်ရှိ ဓာတ်တိုင် (၄)တိုင် ပျက်စီးသွားကြောင်း သိရသည်။
အဆိုပါ တံတားကို ၂၀၁၉- ၂၀၂၀ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တံတားအရှည် ပေ (၃၀၀)ရှိကာ အကျယ် (၁၄)ပေရှိသည့် သံဘောင် သံပြားခင်း ဘေလီတံတား ဖြစ်ကြောင်း သိရသည်။
KNU/PDF အဖွဲ့ဝင်များအနေဖြင့် ဖြူးမြို့နယ်အတွင်းရှိ တံတားများအား မိုင်းထောင်ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိနေပြီး ဇူလိုင်လ (၂၀)ရက်ကလည်း ဖြူးမြို့နယ် စစ်တောင်းမြစ်ကူးတံတား (အုတ်ဖြတ်)တွင် တာဝန်ကျနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးကို စနိုက်ပါဖြင့် ပစ်ခတ်ခဲ့သည်။
#PeopleMedia