• Follow Us on
Latest News

Home ဖြဲ႔စည္းပုံျပင္ဆင္ေရးေဆာင္ရြက္သည့္ ျပည္ေထာင္စုလႊတ္ေတာ္သုိ႔ ရန္ကုန္တုိင္းဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္း တက္ေရာက္

ဖြဲ႔စည္းပုံျပင္ဆင္ေရးေဆာင္ရြက္သည့္ ျပည္ေထာင္စုလႊတ္ေတာ္သုိ႔ ရန္ကုန္တုိင္းဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္း တက္ေရာက္

Share this post

ရန္ကုန္၊ မတ္-၁၀

ဖြဲ႔စည္းပုံျပင္ဆင္ေရးေဆာင္ရြက္သည့္ ျပည္ေထာင္စုလႊတ္ေတာ္သုိ႔ ရန္ကုန္တုိင္းဝန္ၾကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းႏွင့္ တုိင္းအစုိးရ အဖြဲ႕ဝင္အခ်ဳိ႕ တက္ေရာက္ခဲ့ပါတယ္။

ယေန႔က်င္းပသည့္ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝး၌ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၄၃၆(က)တြင္ အက်ဳံးဝင္သည့္ ပုဒ္မ၊ ပုဒ္မခြဲ(၁၄)ခုကုိ စုစည္း၍ လႊတ္ေတာ္၏ အဆုံးအျဖတ္ကုိ ရယူေနၾကပါတယ္။

ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၄၃၆(က)ကုိ ျပင္ဆင္လုိလွွ်င္ ျပည္ေထာင္စုလႊတ္ေတာ္ အားလုံး၏ ၇၅ ရာခုိင္ႏႈန္းေက်ာ္က ျပင္ဆင္ရန္ သေဘာတူလက္ခံၿပီးေနာက္ ျပည္လုံးကၽြတ္ဆႏၵခံယူပြဲက်င္းပ၍ ဆႏၵမဲေပး ပုိင္ခြင့္ရွိသူအားလုံး၏ ထက္ဝက္ေက်ာ္မဲျဖင့္သာ ျပင္ဆင္ရမည္ျဖစ္ေၾကာင္း ၂၀၀၈ ဖြဲ႕စည္းပုံ၌ ေဖာ္ျပထားသည္။

#PeopleMedia #ဖြဲ႕စည္းပုံျပင္ဆင္ေရး

(Unicode)
ဖွဲ့စည်းပုံပြင်ဆင်ရေးဆောင်ရွက်သည့် ပြည်ထောင်စုလွှတ်တော်သို့ ရန်ကုန်တိုင်းဝန်ကြီး ချုပ်ဦးဖြိုးမင်းသိန်း တက်ရောက်
…………………………………………………………

ရန်ကုန်၊ မတ်-၁၀

ဖွဲ့စည်းပုံပြင်ဆင်ရေးဆောင်ရွက်သည့် ပြည်ထောင်စုလွှတ်တော်သို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် တိုင်းအစိုးရ အဖွဲ့ဝင်အချို့ တက်ရောက်ခဲ့ပါတယ်။

ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆(က)တွင် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ(၁၄)ခုကို စုစည်း၍ လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူနေကြပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆(က)ကို ပြင်ဆင်လိုလှျှင် ပြည်ထောင်စုလွှတ်တော် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်မဲဖြင့်သာ ပြင်ဆင်ရမည်ဖြစ်ကြောင်း ၂၀၀၈ ဖွဲ့စည်းပုံ၌ ဖော်ပြထားသည်။

#PeopleMedia #ဖွဲ့စည်းပုံပြင်ဆင်ရေး


Share this post