ဖွဲ့စည်းပုံပြင်ဆင်ရေး အတားအဆီးများရှိသော်လည်း သေတဲ့အထိ ရပ်မည်မဟုတ်ဟု စာရေးဆရာထင်လင်းဦးပြောဆို

PUBLISHED - April 2, 2019
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လူထုထောက်ခံပွဲကို နေရာအနှံ့ ဟောပြောများ ပြုလုပ်လျက်ရှိရာ အတားအဆီးများ၊ ကန့်ကွက်မှုများနဲ့ ကြုံတွေ့နေရပေမယ့် သေတဲ့အထိ ရပ်မှာမဟုတ်ဘဲ သေတဲ့အထိ ဆက်လုပ်သွားမှာဖြစ်တယ်လို့ စာရေးဆရာ ထင်လင်းဦး(Wisdom Villa)က လူထုမီဒီယာကို ဒီနေ့ပြောဆိုပါတယ်။
စာရေးဆရာ ထင်လင်းဦး(Wisdom Villa) က ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လူထုထောက်ခံပွဲတွေမှာ ပါဝင်ဟောပြောနေတဲ့ စာရေးဆရာဖြစ်ပြီး မနေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ လူထုထောက်ခံပွဲ မတိုင်ခင် ပထမရက်မှာ နေပြည်တော်ရှိ သံဃာတော်တချို့ရဲ့ ကန့်ကွက်မှုနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
အဲဒီထောက်ခံပွဲကို မူလက ဥပ္ပါတသန္တိတစေတီတော်အနီးမှာ ကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့် ဇမ္ဗူသီရိမြို့နယ်ရှိ ဘောလုံးကွင်းမှာ ပြောင်းရွေ့ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒီလိုကန့်ကွက်မှုတွေ ကြုံတွေ့ခဲ့ရတာနဲ့ ပတ်သက်လို့ ဆရာထင်လင်းဦးက အခုလိုပြောပါတယ်။
နေပြည်တော်မှာ ပြုလုပ်မယ့် လူထုထောက်ခံပွဲမတိုင်ခင်ရက်မှာ ထောက်ခံပွဲလမ်းညွှန်ဆိုင်းဘုတ်နဲ့ လိုဂိုအချို့ မီးရှို့ဖျက်ဆီးခံရတယ်လို့ သိရပါတယ်။
https://www.facebook.com/303185163868226/videos/430554567709657/