• Follow Us on
Latest News

Home ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲလုပ်ဖို့ ထိုင်းအစိုးရ အသေးစိတ်စဉ်းစားသွားမည်

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲလုပ်ဖို့ ထိုင်းအစိုးရ အသေးစိတ်စဉ်းစားသွားမည်

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၆

 

ထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ဖို့အတွက် လိုအပ်မယ့်အရာတွေ နဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့အနေနဲ့ လာမယ့်လမှာ အသေးစိတ် ဂရုတစိုက်စဉ်းစားသွားမှာဖြစ်ကြောင်း ဒုတိယ ဝန်ကြီးချုပ်နဲ့ ကုန်သွယ်ရေးဝန်ကြီး ဖမ်သမ်ဝီချာယာချိုင်းက ပြောကြားလိုက်ပါတယ်။

 

အစီရင်ခံစာကို စဉ်းစားချင့်ချိန်နိုင်အောင် ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်နဲ့ အစိုးရအဖွဲ့ထံတင်ပြသွားမှာဖြစ် ကြောင်း အခြေခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲအတွက် လေ့လာနေတဲ့အဖွဲ့မှာဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေ တဲ့မစ္စတာဖမ်သမ်က ကြာသပတေးနေ့ကကျင်းပခဲ့တဲ့ ညွန့်ပေါင်းပါတီအဖွဲ့ခေါင်းဆောင်တွေ အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

 

ဖွ့ဲစည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်၊ လူထုဆန္ဒခံယူပွဲမေးခွန်းများ၊ အခြေခံဥပဒေပြန်လည်ရေးသား ရာမှာ ပါဝင်တဲ့နည်းလမ်းများနဲ့ပတ်သက်ပြီး ပြည်လုံးကျွတ်လူထုဆန္ဒခံယူပွဲ ဘယ်နှကြိမ်ကျင်းပရမယ်ဆိုတဲ့ လေ့ လာရေးအဖွဲ့ကတင်ပြထားတဲ့ အဓိကပြဿနာတွေကို ညွန့်ပေါင်းပါတီခေါင်းဆောင်တွေက သဘောတူထား ပြီး ဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

 

အစိုးရအဖွဲ့အနေနဲ့ ရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားတဲ့ တွေ့ရှိချက်တွေနဲ့အတူ အဲဒီပြဿနာတွေကို ဆွေးနွေးသွားမှာဖြစ်ကြောင်း မစ္စတာဖမ်သမ်က ပြောပါတယ်။

 

အခြေခံဥပဒေပြင်ဆင်ရေးအတွက် လူထုဆန္ဒခံယူပွဲ ဘယ်နှကြိမ်ပြုလုပ်သင့်တယ်ဆိုတာ ဆုံးဖြတ်ပေးဖို့ ဖွဲ့စည်း ပုံအခြေခံဥပဒေဆိုင်ရာတရားရုံးကို ပန်ကြားလွှာတင်ဖို့ လွှတ်တော်က စဉ်းစားနေကြောင်း ၎င်းကပြောပါတယ်။

 

ပထမဦးဆုံး ပြည်လုံးကျွတ်လူထုဆန္ဒခံယူပွဲတစ်ခု မကျင်းပရသေးဘဲနဲ့ ဖွ့ဲစည်းပုံအခြေခံဥပဒေ ပြန်လည်ပြင်ဆင် ရေးဆွဲတာကို ဆက်လက်မလုပ်ဆောင်ဖို့ ဖွ့ဲစည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက အစောပိုင်းက အမိန့်ထုတ် ထားခဲ့ပါတယ်။

 

အခြေခံဥပဒေထဲက အရေးကြီးတဲ့ပုဒ်မတွေပြင်ဆင်ရေး ဒါမှမဟုတ် အခြေခံဥပဒေပြန်လည်ပြင်ဆင်ရေးဆွဲရေး အတွက် လူထုဆန္ဒခံယူပွဲက ထောက်ခံမဲတွေ ကြိုတင်လိုအပ်မှာဖြစ်ကြောင်း အခြေခံဥပဒေတရားရုံးက ပြောဆို ခဲ့ပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်လုံးကျွတ်လူထုဆန္ဒခံယူပွဲ ဘယ်နှကြိမ်လုပ်ဖို့ လိုအပ် တယ်ဆိုတာကိုတော့ အခြေခံဥပဒေတရားရုံးက အသေးစိတ်ပြောကြားခြင်းမရှိပါဘူး။

 

Ref: Govt to mull referendum details for charter change

 

#PeopleMedia


Share this post