• Follow Us on
Latest News

Home ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြင်ဆင်နိုင်ရေးအတွက် ပုဒ်မများမှ ၂၁ ချက်ကို သဘောတူညီခဲ့

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြင်ဆင်နိုင်ရေးအတွက် ပုဒ်မများမှ ၂၁ ချက်ကို သဘောတူညီခဲ့

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁

 

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်နိုင်ရေးအတွက် ပုဒ်မများမှ ၂၁ ချက်ကို သဘောတူညီခဲ့ကြ ကြောင်း၊ နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝဏ္ဏအောင်က ပြော သည်။

 

နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၅ ဖွဲ့တို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှုဗဟိုဌာန၌ ဩဂုတ် (၂၉) ရက်မှ (၃၁) ရက်အထိ ကျင်းပခဲ့သည်။

 

ဗိုလ်မှူးကြီးဝဏ္ဏအောင်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့တို့သည် နိုင်ငံတကာ အသိသက်သေများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယသမ္မတနိုင်ငံ၊ ဂျပန် နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဥရောပသမဂ္ဂနှင့် ကမ္ဘာ့ကုလသဂ္ဂတို့မှ သံတမန်များ၊ ပြည်တွင်း အသိသက်သေများ ရှေ့ မှောက်တွင် ခမ်းနားထည်ဝါစွာ လက်မှတ်ရေးထိုးခဲ့ကြသည့်အပြင် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုထား သည့် သမိုင်းဝင် စာချုပ်တစ်ခုဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဖေဖော် ဝါရီ ၁၃ ရက်တွင် တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်း ၂ ဖွဲ့ ထပ်မံ ပါဝင်လက်မှတ်ရေး ထိုးခဲ့သဖြင့် NCA တွင် လက်မှတ်ရေးထိုးထားသော တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ရှိကြောင်း ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် နိုင်ငံတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(၇)ဖွဲ့၊ NCA လက်မှတ်မရေးထိုးထား ရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(၃)ဖွဲ့နှင့် နိုင်ငံရေးပါတီတို့ တွေ့ဆုံဆွေးနွေးခဲ့ကြ ကြောင်း၊ ထိုသို့ တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ပါတီစုံဒီမိုကရေစီနိုင်ငံ ရေး စနစ် ခိုင်မာစေရေးအတွက် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်မည်၊ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး၏ လိုလားချက်ပန်းတိုင်ဖြစ်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်မည်၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်းအကောင် အထည်ဖော်မည်ဆိုသည့် အချက်များနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်နိုင်ရေးအတွက် ပုဒ်မများမှ ၂၁ ချက်တို့ကို သဘောတူညီခဲ့ကြကြောင်း ဗိုလ်မှူးကြီးဝဏ္ဏအောင်က ပြောသည်။

 

ဗိုလ်မှူးကြီးဝဏ္ဏအောင်က လူသားချင်း စာနာထောက်ထားမှု အကူအညီများကို ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခတ်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေးကော်မတီ (JMC) က UN အဖွဲ့အစည်းနှင့် ပေါင်းစပ်ပြီး အမှန်တကယ်လိုအပ်မည့်ဒေသများသို့ သက်ဆိုင်ရာပြည်နယ် အစိုးရအဖွဲ့နှင့်ညှိနှိုင်းဆောင်ရွက်၍ အကူ အညီများရရှိရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်ရှိ၌ ကရင်ပြည်နယ်တွင် သံတောင်ကြီးမြို့နယ်၊ လိပ်သို/ယာဒိုဒေသ၊ မြဝတီမြို့နယ်၊ လေ့ကေ့ကော်ဒေသ၊ ရခိုင်ပြည်နယ်တွင် ရသေ့တောင်မြို့နယ်၊ ပုဏ္ဏား ကျွန်းမြို့နယ်နှင့် မြောက်ဦးမြို့နယ်၊ရှမ်းပြည်နယ်တွင် ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ တောင်ကြီးမြို့နယ်နှင့် ဟိုပုံးမြို့နယ်များရှိ လူသားချင်းစာနာထောက်ထားမှုအကူအညီ လိုအပ်သူများထံသို့ ပေးပို့ခဲ့ပြီးဖြစ်ကြောင်း၊ နောက်ပိုင်းတွင်လည်း ယခုလို အကူအညီများကိုလိုအပ်သည့် ဒေသများသို့ JMC မှ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

#PeopleMedia


Share this post