ဗန်းမောက်မြို့နယ်၊ နားမော်ကျေးရွာနှင့် မံပင်ကျေးရွာကြားရှိ Mytel တာဝါတိုင် မိုင်းဖေါက်ခွဲဖျက်ဆီးခံရ
PUBLISHED - January 5, 2022
ဗန်းမောက်၊ ဇန်နဝါရီ ၅ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ ကျောက်တန်းအုပ်စု၊ နားမော်ကျေးရွာနှင့် ရေသွင်း ကုန်းကျေးရွာကြားရှိ Mytel တာဝါတိုင်သည် ဒီဇင်ဘာ ၃ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်က ဖေါက်ခွဲဖျက်ဆီးခံ ရသည်။
“ည ၈ နာရီခွဲလောက်မှာ အုန်းဆိုတဲ့ ပေါက်ကွဲသံကြားရပါတယ်။ အခု Mytel ဖုန်းလိုင်းက မမိတော့ဘူး။ ပြတ် တောက်သွားပြီ”လို့ ရေတွင်းကုန်းကျေးရွာနေ အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ Mytel တာဝါတိုင် ဖေါက်ခွဲခံရမူကြောင့် ဆက်သွယ်ရေးအင်ဂျင်စက်အနည်းငယ်နှင့် ဘက်ထရီအိုး ကြီးတစ်လုံး ပျက်စီးဆုံးရူံးသွားခဲ့ကြောင်း ဆက်သွယ်ရေးတာဝန်ခံတစ်ဦးက အတည်ပြုသည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်း၌ ဗန်းမောက်မြို့ မြောက်ပိုင်းရမံထုံဒေသစိတ်၊ မဲတောကျေးရွာအနီးရှိ Mytel တာဝါတိုင်အတွင်းမှ ဓါတ်အားပေးဆိုလားပြား ၅ ချပ်သည် ကျောက်ခဲကြီးများဖြင့် ထုပစ်ထား၍ ပျက်စီး မှုများစွာရှိခဲ့သည်။
လိူင်ဘွား(ဗန်းမောက်)
#PeopleMedia #မိုင်တဲ
(unicode)
………………………………………………………