• Follow Us on
Latest News

Home ဗန္းေမာ္ၿမိဳ႕နယ္က ကိုဗစ္ပိုး အတည္ျပဳ လူနာ၏ ေနအိမ္ကို Lock Down ခ်ကာ ထိေတြ႕သူမ်ားကို စုံစမ္းေန

ဗန္းေမာ္ၿမိဳ႕နယ္က ကိုဗစ္ပိုး အတည္ျပဳ လူနာ၏ ေနအိမ္ကို Lock Down ခ်ကာ ထိေတြ႕သူမ်ားကို စုံစမ္းေန

Share this post

ဗန္းေမာ္၊ စက္တင္ဘာ ၁၀

ယေန႔ စက္တင္ဘာ ၁၀ရက္ေန႔ နံနက္ပိုင္းက MOHS က ထုတ္ျပန္ခဲ့သည့္ ဗန္းေမာ္ၿမိဳ႕နယ္က ကိုဗစ္ ၁၉ ပိုး ေတြ႕ေၾကာင္း အတည္ျပဳ လူနာအမွတ္ (၁၉၇၆)၏ ေနအိမ္ကို Lock Down ခ်ကာ ထိေတြ႕သူမ်ားကို စုံစမ္းေနေၾကာင္း ၿမိဳ႕နယ္ ကိုဗစ္ ၁၉ ကာကြယ္ ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီထံမွ သိရသည္။

ယင္းလူနာအမွတ္ (၁၉၇၆) သည္ျသဂုတ္လ ၂၆ရက္ေန႔တြင္ ဗန္းေမာ္မွျမစ္ႀကီးနားသို႔ ရာထူးတိုး စာေမးပြဲေျဖရန္ ၎ႏွင့္အတူ ၅ဦးသြားေရာက္ခဲ့ေၾကာင္း၊ ျသဂုတ္လ ၂၈ရက္ေန႔တြင္ ဗန္းေမာ္သို႔ ျပန္လာကာ မိုးထိမိုးမိသို႔ ေျပာင္းရမည့္အေၾကာင္း ၄င္း၏ ဆရာကို အေၾကာင္းၾကားၿပီး ၃၀ ရက္ေန႔မွာ ဗန္းေမာ္မွ မႏၲေလးသို႔သြားခဲ့ေၾကာင္း၊ ၃၁ရက္ေန႔မွာ ပ်ဉ္းမနား ရိပ္သာမွာ တည္းခဲ့ေၾကာင္း၊ ေနာက္တစ္ေန႔ လုပ္ငန္းခြင္သြားသည့္အခါမွာ ၄င္းမွာ ႏွာေခါင္းအနံ႔ မရေတာ့ သျဖင့္ ၄င္းအား သံသယျဖင့္ ရမည္းသင္းေဆး႐ုံတြင္ သြားၿပီး စစ္ေဆးသည့္အခါမွ positive ျဖစ္ေၾကာင္းသိရ၍ ထိုသူႏွင့္ ထိေတြ႕ခဲ့သူမ်ားကို အတတ္ႏိုင္ဆုံး ရွာေဖြေနေၾကာင္း ဗန္းေမာ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးျမင့္လႈိင္က ေျပာသည္။

“ျဖစ္စဉ္က မိုးထိမိုးမိမွာ အလုပ္လုပ္ေနတဲ့ လူနာအမွတ္ -၁၉၇၆ က ဗန္းေမာ္က အမွတ္၂ သတၳဳတြင္းကေနေျပာင္းသြားတယ္၊ ည ၁၀နာရီခြဲၾကေတာ့ ရမည္းသင္းကေန ဆရာကိုဖုန္းဆက္တယ္ ဗန္းေမာ္ကေျပာင္းလာတဲ့ သတၳဳတြင္းမွာ လုပ္ေနတဲ့သူက positive ျဖစ္ေနတယ္ သူ့မိသားစုကို က်န္းမာေရး ဂ႐ုတစိုက္လုပ္ဖို႔ အေၾကာင္းၾကားေပးဖို႔ ေျပာတာနဲ႔ သူ့မိသားစုဝင္ေတြကို Lock Down လုပ္ထားလိုက္တယ္” ဟု ဦးစိုးျမင့္လႈိင္က ဆိုသည္။

ထိုလူနာႏွင့္ အတူ ျမစ္ႀကီးနားသြားခဲ့ သည့္ ၄ ဦး တို႔ကို ႏွာေခါင္း အာေခါင္ တို႔ပတ္ယူကာ ေဆး႐ုံတြင္ သီးသန္႔ထား စစ္ေဆးေနၿပီး ၎တို႔၏ မိသားစုဝင္ေတြက္ိဳလည္း lock down ခ်ထားၿပီး ဆက္လက္စစ္ေဆးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ကခ်င္ျပည္နယ္ အတြင္းကိုဗစ္ ၁၉ အတည္ျပဳလူနာ အျဖစ္ စက္တင္ဘာလ (၈)ရက္ေန႔ည (၈)နာရီထုတ္ျပန္ခ်က္တြင္ ျမစ္ႀကီးနားတြင္ တစ္ဦး၊ စက္တင္ဘာ (၉)ရက္ေန႔ နံနက္(၉)နာရီထုတ္ျပန္ခ်က္တြင္ ဖားကန္႔ၿမိဳ႕တြင္ တစ္ဦး (၉)ရက္ေန႔ည (၁၀:၃၀)တြင္ ဗန္းေမာ္မွ တစ္ဦး စုစုေပါင္း (၃)ဦးရွိေၾကာင္း သိရသည္။

ၿဖိဳးၿဖိဳး၊ နန္းယဉ္

#PeopleMedia #EPN #ဗန္းေမာ္

(unicode)
ဗန်းမော်မြို့နယ်က ကိုဗစ်ပိုး အတည်ပြု လူနာ၏ နေအိမ်ကို Lock Down ချကာ ထိတွေ့သူများကို စုံစမ်းနေ
…………………………………………………………….

ဗန်းမော်၊ စက်တင်ဘာ ၁၀

ယနေ့ စက်တင်ဘာ ၁၀ရက်နေ့ နံနက်ပိုင်းက MOHS က ထုတ်ပြန်ခဲ့သည့် ဗန်းမော်မြို့နယ်က ကိုဗစ် ၁၉ ပိုး တွေ့ကြောင်း အတည်ပြု လူနာအမှတ် (၁၉၇၆)၏ နေအိမ်ကို Lock Down ချကာ ထိတွေ့သူများကို စုံစမ်းနေကြောင်း မြို့နယ် ကိုဗစ် ၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ယင်းလူနာအမှတ် (၁၉၇၆) သည်သြဂုတ်လ ၂၆ရက်နေ့တွင် ဗန်းမော်မှမြစ်ကြီးနားသို့ ရာထူးတိုး စာမေးပွဲဖြေရန် ၎င်းနှင့်အတူ ၅ဦးသွားရောက်ခဲ့ကြောင်း၊ သြဂုတ်လ ၂၈ရက်နေ့တွင် ဗန်းမော်သို့ ပြန်လာကာ မိုးထိမိုးမိသို့ ပြောင်းရမည့်အကြောင်း ၄င်း၏ ဆရာကို အကြောင်းကြားပြီး ၃၀ ရက်နေ့မှာ ဗန်းမော်မှ မန္တလေးသို့သွားခဲ့ကြောင်း၊ ၃၁ရက်နေ့မှာ ပျဉ်းမနား ရိပ်သာမှာ တည်းခဲ့ကြောင်း၊ နောက်တစ်နေ့ လုပ်ငန်းခွင်သွားသည့်အခါမှာ ၄င်းမှာ နှာခေါင်းအနံ့ မရတော့ သဖြင့် ၄င်းအား သံသယဖြင့် ရမည်းသင်းဆေးရုံတွင် သွားပြီး စစ်ဆေးသည့်အခါမှ positive ဖြစ်ကြောင်းသိရ၍ ထိုသူနှင့် ထိတွေ့ခဲ့သူများကို အတတ်နိုင်ဆုံး ရှာဖွေနေကြောင်း ဗန်းမော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်က ပြောသည်။

“ဖြစ်စဉ်က မိုးထိမိုးမိမှာ အလုပ်လုပ်နေတဲ့ လူနာအမှတ် -၁၉၇၆ က ဗန်းမော်က အမှတ်၂ သတ္ထုတွင်းကနေပြောင်းသွားတယ်၊ ည ၁၀နာရီခွဲကြတော့ ရမည်းသင်းကနေ ဆရာကိုဖုန်းဆက်တယ် ဗန်းမော်ကပြောင်းလာတဲ့ သတ္ထုတွင်းမှာ လုပ်နေတဲ့သူက positive ဖြစ်နေတယ် သူ့မိသားစုကို ကျန်းမာရေး ဂရုတစိုက်လုပ်ဖို့ အကြောင်းကြားပေးဖို့ ပြောတာနဲ့ သူ့မိသားစုဝင်တွေကို Lock Down လုပ်ထားလိုက်တယ်” ဟု ဦးစိုးမြင့်လှိုင်က ဆိုသည်။

ထိုလူနာနှင့် အတူ မြစ်ကြီးနားသွားခဲ့ သည့် ၄ ဦး တို့ကို နှာခေါင်း အာခေါင် တို့ပတ်ယူကာ ဆေးရုံတွင် သီးသန့်ထား စစ်ဆေးနေပြီး ၎င်းတို့၏ မိသားစုဝင်တွေက်ိုလည်း lock down ချထားပြီး ဆက်လက်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကချင်ပြည်နယ် အတွင်းကိုဗစ် ၁၉ အတည်ပြုလူနာ အဖြစ် စက်တင်ဘာလ (၈)ရက်နေ့ည (၈)နာရီထုတ်ပြန်ချက်တွင် မြစ်ကြီးနားတွင် တစ်ဦး၊ စက်တင်ဘာ (၉)ရက်နေ့ နံနက်(၉)နာရီထုတ်ပြန်ချက်တွင် ဖားကန့်မြို့တွင် တစ်ဦး (၉)ရက်နေ့ည (၁၀:၃၀)တွင် ဗန်းမော်မှ တစ်ဦး စုစုပေါင်း (၃)ဦးရှိကြောင်း သိရသည်။

ဖြိုးဖြိုး၊ နန်းယဉ်

#PeopleMedia #EPN #ဗန်းမော်


Share this post