• Follow Us on
Latest News

Home ဗန်ကောက်မြို့၊ ဈေးဝယ်စင်တာအတွင်းဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုဖြစ်စဉ်တွင် အသက်ဆုံးရှုံးခဲ့ရသည့် အမျိုး သမီးနှင့် စပ်လျဉ်း၍ မြန်မာသံရုံးမှ လိုအပ်သည်များကူညီပေးနေ

ဗန်ကောက်မြို့၊ ဈေးဝယ်စင်တာအတွင်းဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုဖြစ်စဉ်တွင် အသက်ဆုံးရှုံးခဲ့ရသည့် အမျိုး သမီးနှင့် စပ်လျဉ်း၍ မြန်မာသံရုံးမှ လိုအပ်သည်များကူညီပေးနေ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၄

 

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ Siam Paragon Shopping Mall တွင် အောက်တိုဘာလ ၃ရက်၌ ဖြစ်ပွားခဲ့သည့် သေနတ်သမားတစ်ဦးက ဈေးဝယ်စင်တာအတွင်း လိုက်လံပစ်ခတ်ခဲ့မှုဖြစ်စဉ်ကြောင့် Take Toys Co., Ltd. တွင် အလုပ်လုပ်ကိုင်နေသူ မြန်မာ နိုင်ငံသား ဒေါ်မိုးမြင့်၊ အသက်(၃၁)နှစ်၊ သထုံမြို့ဇာတိဖြစ်သူသည် ဒဏ်ရာ ပြင်းထန်စွာရရှိပြီး ဆေးရုံအရောက်တွင် ဆုံးပါးခဲ့ကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဗန်ကောက်မြို့၊ မြန်မာသံရုံးမှ သံအမတ်နှင့် အလုပ်သမား သံအရာရှိတို့က အောက်တိုဘာလ ၄ ရက်တွင် Pathuwan နယ်မြေရဲစခန်းမှ ဒုတိယရဲမှူးကြီးနှင့် ယင်းသေဆုံးသူ မြန်မာနိုင်ငံ သား၏ အလုပ်ရှင်တို့ထံသို့ သွားရောက်တွေ့ဆုံ၍ နာရေးကိစ္စနှင့် ကရုဏာကြေးကိစ္စရပ်များကို ဆွေးနွေးခဲ့ ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

 

ထို့ပြင် မြန်မာသံရုံးအနေဖြင့် သထုံမြို့၌ နေထိုင်သည့် သေဆုံးသူ၏ မိခင်ဖြစ်သူထံသို့လည်း ဆက်သွယ် ဆောင်ရွက်လျက် ကျန်ရစ်သူမိသားစုဝင်များ၏ ဆန္ဒအရ သေဆုံးသူ ဒေါ်မိုးမြင့်အား အောက်တိုဘာလ ၈ ရက်တွင် Changwattana ဘုန်းကြီးကျောင်း၌ ကောင်းမွန်စွာ မီးသင်္ဂြိုလ်နိုင်ရေးအတွက်ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

 

ဗန်ကောက်မြို့၊ မြန်မာသံရုံးအနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ထိုင်းနိုင်ငံမှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အနီးကပ်ပူးပေါင်းလျက် လိုအပ်သည်များ ဆက်လက်ကူညီ‌ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သိရသည်။

 

#PeopleMedia


Share this post