• Follow Us on
Latest News

Home ဗန်းမောက်မြို့တွင် PDF (၂) လောင်းနှင့်အတူ လက်နက်ပစ္စည်းများ သိမ်းဆည်းရမိ

ဗန်းမောက်မြို့တွင် PDF (၂) လောင်းနှင့်အတူ လက်နက်ပစ္စည်းများ သိမ်းဆည်းရမိ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၅

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၊ ကျွဲကောကြီးကျေးရွာအနီးတွင် PDF အလောင်း (၂) လောင်းနှင့်အတူ လက်နက်ပစ္စည်းများကို သိမ်းဆည်းရရှိကြောင်း သိရသည်။

 

ဇန်နဝါရီလ ၁၄ ရက် နေ့လည် ၁၂ နာရီဝန်းကျင်တွင် ဗန်းမောက်မြို့ရှိကျေးရွာတစ်ချို့ကို လုံခြုံရေးတပ်ဖွဲ့မှ နယ် မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် ကျွဲကောကြီးကျေးရွာအနီး၌ PDF များနှင့်လုံခြုံရေးတပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

ထိုအပြန်အလှန်ပစ်ခတ်ရာတွင် PDF အလောင်း (၂) လောင်း၊ သေနတ်အရှည် ၁ လက်၊ လက်လုပ်ခြောက်လုံး ပြူး ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၇၅ တောင့် နှင့် စကားပြောစက် ၁ လုံးတို့ကို လုံခြုံရေးတပ်ဖွဲ့မှ သိမ်းဆည်း ရရှိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post