• Follow Us on
Latest News

Home ဗန်းမော်နှင့် ပုသိမ်ကြီးတို့တွင် ကျပ်သိန်း ၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဗန်းမော်နှင့် ပုသိမ်ကြီးတို့တွင် ကျပ်သိန်း ၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ သြဂုတ် ၁၅

 

ဗန်းမော်မြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တွင် ကျပ်သိန်း ၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

သြဂုတ်လ ၁၃ ရက်နေ့ ညနေ ၆ နာရီအချိန် တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ဗန်းမော် မြို့နယ်၊ တာမိုင်းလုံကျေးရွာနေ မျိုးမြင့်ဦး(ခ)အားသူ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ နေအိမ် အတွင်းမှ ဘိန်းဖြူအလေးချိန် ၅၉၄ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၃၇.၆ သိန်း)နှင့် လက်ကိုင် ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မျိုးမြင့်ဦး(ခ)အားသူ (၃၁) နှစ်အား ဗန်းမော်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်း ဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

ထို့အတူ သြဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေ များနှင့်အတူ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ (၁၆) မိုင်စစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်များ အား စစ်ဆေးရှာဖွေစဉ် ပေါကျော် မောင်းနှင်လာသည့် TOYOTA WISH အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် တင်ဆောင်လာသော စက္ကူဂျပ်ဖာအတွင်းမှ ဘိန်းဆီခဲ အလေးချိန် ၅.၇၅ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၄၃.၇၅ သိန်း)၊ အိုက်စ်(မက်သ်အဖက်တမင်း)အလေး ချိန် ၁.၅ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၇၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် ပေါကျော်(၃၂)နှစ်အား အုန်းချောနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post