ဗန်းမော်မြို့တွင် “အောင်သီရိ စိန်၊ ရွှေ၊ ရတနာရောင်းဝယ်ရေးဆိုင်” ဓားပြတိုက်ခံရ
PUBLISHED - October 20, 2023
နေပြည်တော်၊ အောက်တိုဘာ ၂၀
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့၊ အရှေ့ညောင်ပင်ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် “အောင်သီရိ စိန်၊ ရွှေ၊ ရတနာရောင်းဝယ်ရေးဆိုင်”တွင် ရွှေထည်ပစ္စည်းများ ဓားပြတိုက်ခံရကြောင်း သိရသည်။
ယနေ့နံနက် ၉ နာရီဝန်းကျင်တွင် maskတပ်ထားသည့် ဓားပြတိုက်သူ ၆ ဦးမှ မော်တော်ဆိုင်ကယ် ၃ စီးဖြင့် “အောင်သီရိ စိန်၊ ရွှေ၊ ရတနာရောင်းဝယ်ရေးဆိုင်”သို့ ရောက်ရှိလာပြီး ထိုဆိုင်ရှိ ဆိုင်ပိုင်ရှင်အမျိုးသမီးကို သေနတ်ထောက်ပြီး ဆိုင်ရှင်ဝန်ထမ်းများနှင့်အတူ ဆိုင်အတွင်းရှိသူများကို ဝပ်ခိုင်းခဲ့ကြောင်း သိရသည်။
ထိုဆိုင်အတွင်း ခင်းကျင်းထားသည့် ရွှေထည်ပစ္စည်းများကို ယူဆောင်သွားကြောင်း၊ ဆိုင်အတွင်း ဓားပြ တိုက်သွားသည့် ရွှေထည်ပစ္စည်းများမှာ ခန့်မှန်းခြေအရ တစ်ပိဿာနီးပါး ပါဆောင်သွားကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်အတူ ပြီးခဲ့သည့် လပိုင်းကလည်း မန္တလေးတိုင်းဒေသကြီး၊ မုံရွာ မြို့တို့တွင်လည်း ရွှေဆိုင်များ တွင် ဓားပြတိုက်ခံရသည့် ဖြစ်စဉ်များရှိခဲ့သလို ၊ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင် ညဈေးတွင် ဖွင့်လှစ်ထား သည့် ဇမ္ဗူရဇ်ရွှေဆိုင် ပိုင်ရှင်အားဖမ်းဆီးသတ်ဖြတ်ပြီး ရွှေထည်ပစ္စည်းနှင့် ငွေများလု ယက်ယူဆောင်သွား သူတရားခံများကို ဖမ်းဆီးရမိကြောင်း သိရသည်။
Photo – Credit
#PeopleMedia