• Follow Us on
Latest News

Home ဗန်းမော်မြို့နယ်တွင် KIA/PDF ပစ်ခတ်သည့် လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး ၃ ဦး ဒဏ်ရာရရှိ

ဗန်းမော်မြို့နယ်တွင် KIA/PDF ပစ်ခတ်သည့် လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး ၃ ဦး ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၀

 

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ မိုးစိမ်းကျွန်းကျေးရွာနှင့် မိုင်းကာကျေးရွာတို့တွင် ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီကျော်အချိန်က နေအိမ်ခြံဝင်းများအတွင်းသို KIA/ PDF အကြမ်းဖက်သမားများပစ်ခတ်သည့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဗန်းမော်မြို့နယ်၊ မိုးစိမ်းကျွန်းကျေးရွာနေ ဒေါ်ခင်စန်းမြင့် ၅၂နှစ်၊ မိုင်းကာကျေးရွာနေသူများဖြစ်သည့် မသိင်္ဂီ လင်း (၂၂ နှစ်နှင့် မပိုးအိစံ ၂၅နှစ်တို့သည် ၎င်းတို့၏နေအိမ်များတွင်ရှိနေစဉ် နေအိမ်ခြံဝင်းများအတွင်းသို့ KIA/ PDF အကြမ်းဖက်သမားများပစ်ခတ်သည့် လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေါ်ခင်စန်းမြင့် တွင် ယာလက်ပြင်၌ လည်းကောင်း၊ မသိင်္ဂီလင်းတွင် ယာလက်ပြင်နှင့် ဝဲခြေဖဝါးတိုတွင်လည်းကောင်း၊ မပိုး အိစံတွင် ဝဲ/ယာခြေထောက်တိုတွင်လည်းကောင်း ဗုံးသီးစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေရ ကြောင်း သိရသည်။

 

#PeopleMedia


Share this post