ဗန်းမော်မြို့နယ်နှင့် မိုးမောက်မြို့နယ်တို့တွင် ငွေကျပ် ၂၇၆၄.၇၉ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
PUBLISHED - February 13, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်နှင့် မိုးမောက်မြို့နယ်တို့တွင် ငွေကျပ် ၂၇၆၄.၇၉ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါး များ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနိမ်နှင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေ ၅နာရီ ၂၀အချိန် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက် သေများနှင့်အတူ ဗန်းမော်မြို့နယ်၊ စီအင်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် စိုင်း သန်းဖေ မောင်းနှင်ပြီး စိုင်းအိုက်လှိုင်း လိုက်ပါလာသည့် PAJERO အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ် ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဘိန်းဖြူအလေးချိန် ၃.၃၇ ကီလို(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၈၄၂.၅ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၁၁၅၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၆၆၇.၂၅ သိန်း)၊ ဘိန်းစိမ်း ၂၁ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၅၂ သိန်း)၊ မြန်မာငွေကျပ် ၂ သိန်း နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ ၂၀၂၀ အချိန် မိုးမောက်မြို့နယ်၊ (၇)မိုင် အောင်မြေကျေးရွာနေ အားချိ(ခ)အားချန် (ခ)ဝမ်ချန်း ၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၂ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃.၀၄ သိန်း)အား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် စိုင်း သန်းဖေ(၄၄)နှစ်၊ စိုင်းအိုက်လှိုင်း(၃၇)နှစ် နှင့် အားချိ(ခ)အားချန်(ခ)ဝမ်ချန် တို့အား သက်ဆိုင်ရာရဲစခန်းများ တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#PeopleMedia