• Follow Us on

Home ဗန်းမော်မြို့နယ်၊ ကြောင်လည်ကျေးရွာအတွင်းရှိ ဒေသခံပြည်သူနေအိမ် လေးဆယ်ခန့်အား KIA၊ PDF ပူးပေါင်း အဖွဲ့မှ မီးရှို့ဖျက်ဆီး

ဗန်းမော်မြို့နယ်၊ ကြောင်လည်ကျေးရွာအတွင်းရှိ ဒေသခံပြည်သူနေအိမ် လေးဆယ်ခန့်အား KIA၊ PDF ပူးပေါင်း အဖွဲ့မှ မီးရှို့ဖျက်ဆီး

Share this post

မိုးမောက်၊ ဩဂုတ် ၇

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမော်မြို့နယ်၊ ကြောင်လည်ကျေးရွာအတွင်းက ဒေသခံပြည်သူ နေအိမ် လေး ဆယ်ခန့်ကို KIA၊ PDF ပူးပေါင်းအဖွဲ့က ဇူလိုင်လ နောက်ဆုံးအပတ်ကစ၍ ဩဂုတ်လ ၃ ရက်နေ့အထိ ဆက် တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

KIA ၊ PDF ပူးပေါင်းအဖွဲ့မှ ကြောင်လည်ကျေးရွာအတွင်းက ဒေသခံပြည်သူအများစုသည် ၎င်းတို့အဖွဲ့အား၊ ထောက်ခံအားပေးမှုမရှိ၍ လူနေအိမ် လေးဆယ်ခန့်ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း မီးရှို့ဖျက် ဆီးခံရသည့် ဒေသခံပြည်သူတစ်ဦးက ဆိုသည်။

 

“ဇူလိုင်လအတွင်းထဲကနေ သူတို့က ရွာထဲဝင်လာလိုက် လက်နက်ကြီးနဲ့ ထုပြီးတော့ မီးရှို့တာ။ ဘာမှရစရာ မရှိအောင် လုပ်ခဲ့တာ။ အခုဆို ကြောင်လည်ရွာက ဒေသခံပြည်သူ နေအိမ် အလုံးလေးဆယ်လောက် ပျက်စီးသွားပြီ” ဟု ယင်းကရှင်းပြသည်။

 

ယင်းသို့ ပြုလုပ်ခဲ့သည့်အပေါ် ဒေသခံများမှ မကျေမနပ်ဖြစ်နေသော်လည်း လက်ရှိအချိန်ထိ နေအိမ်များ ပြန်လည်ပြုပြင်ခြင်းမရှိသေးပဲ ဘုန်းကြီးကျောင်းများနှင့် နီးစပ်ရာ ဆွေမျိုးအိမ်တို့၌ နေထိုင်နေရကြောင်း ဒေသခံတစ်ဦးက ထည့်သွင်းပြောဆိုသည်။

 

“အခုချိန်ထိ အိမ်တွေကို မပြင်ရဲသေးဘူး။ စစ်ရေးအခြေအနေ တင်းမာနေကြတယ်။ လက်ရှိ ဘုန်းကြီးကျောင်း တွေမှာ နေနေရတယ်။ KIA တွေ အရင်ပြောတုန်းကတော့ ပြည်သူတွေကို သေနတ်ပြောင်းမလှည့်ဘူး ပြောပြီး အခုတော့ ပြည်သူတွေကိုပါ စော်ကားလာပြီ။ မကျေနပ်ဘူး” ဟု  အမည်မဖော်လိုသူ ‌ကြောင်လည်ကျေးရွာနေ ပြည်သူကဆိုသည်။

 

KIA ၊ PDF ပူးပေါင်းအဖွဲ့မှ ကြောင်လည်ကျေးရွာအတွင်းရှိ ဒေသခံပြည်သူ နေအိမ်လေးဆယ်ခန့်အား ဇူလိုင်လ နောက်ဆုံးအပတ်မှ ဩဂုတ်လအထိ ခြောက်ကြိမ်မျှ မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် မိသားစုတစ်စု အမျိုးသား၊ အမျိုးသမီးအပါအဝင် ကလေးငယ်နှစ်ဦး စုစုပေါင်းလေးဦး မီးလောင်ဒဏ်ရာများကြောင့် မိုးမောက် ပြည်သူ့ ဆေးရုံကြီးတွင် အရေးပေါ်ဆေးကုသခံယူနေရ ကြောင်း သိရသည်။

 

အဆိုပါ ပြည်သူနေအိမ်များအား ရည်ရွယ်ချက်ရှိရှိ မီးရှို့လုပ်ဆောင်ခဲ့ခြင်းများအပေါ် နယ်မြေခံတပ်မတော်နှင့် SNA အဖွဲ့တို့မှ နယ်မြေတည်ငြိမ်‌အေးချမ်း‌ရေးအတွက် KIA ၊ PDF ပူးပေါင်းအဖွဲ့အားရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ‌နေ၍ ဗန်းမော်မြို့နယ် ကြောင်လည်ကျေးရွာအုပ်စု၌ တိုက်ပွဲငယ်များ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

 

တပ်မတော်နှင့် SNA အဖွဲ့မှ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ တင်းတင်းကြပ်ကြပ် ဆောင်ရွက်‌ပေးလာသည့် အပေါ် KIA ၊ PDF ပူးပေါင်းအဖွဲ့မှ ဒေသခံပြည်သူများအပေါ် ဆက်ကြေးကောက်ခံခြင်း၊ လူသစ်ခေါ်ခြင်းများ ကို ပိုမိုလုပ်ဆောင်လာကြောင်း သိရသည်။

 

ပိုင်ကြီး(EPN)

 

#PeopleMedia


Share this post