• Follow Us on
Latest News

Home ဗန်းမော်မြို့နှင့် ရွှေကူမြို့ရှိ မြေနိမ့်ပိုင်းရပ်ကွက်များရှိနေအိမ်များအတွင်းသို့ ဧရာဝတီမြစ်ရေဝင်ရောက်

ဗန်းမော်မြို့နှင့် ရွှေကူမြို့ရှိ မြေနိမ့်ပိုင်းရပ်ကွက်များရှိနေအိမ်များအတွင်းသို့ ဧရာဝတီမြစ်ရေဝင်ရောက်

Share this post

နေပြည်တော်၊ ဇူလိုင် ၃

 

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နှင့် ရွှေကူမြို့ရှိ မြေနိမ့်ပိုင်းရပ်ကွက်များရှိ နေအိမ်များအတွင်းသို့ ယနေ့ နံနက်ပိုင်းက ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

 

ယနေ့ နံနက် ၆နာရီ အချိန်ခန့်က ဗန်းမော်မြို့၊ မြေနိမ့်ပိုင်းရပ်ကွက်များရှိ နေအိမ်များအတွင်း ဧရာဝတီမြစ် ရေဝင်ရောက်မှုကြောင့် ဗန်းမော်ခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ မီးသတ်စက်ယာဉ် (၁)စီး၊ ရှာဖွေကယ်ဆယ်ရေးလှေ(၈)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူး ပေါင်း၍ ကူညီရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများနှင့် သတိပေးဆော်ဩခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

 

အလားတူ ယနေ့ နံနက် ၈နာရီ အချိန်ခန့်က  ရွှေကူမြို့၊ မြေနိမ့်ပိုင်းရပ်ကွက်များရှိ နေအိမ်များအတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရွှေကူမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေး လှေ(၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ ကူညီရွှေ့ပြောင်းပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

 

#PeopleMedia


Share this post