• Follow Us on
Latest News

Home ဗန်းမော်မြို့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူများထိခိုက်သေဆုံးခဲ့ကြောင်း မဟုတ်မမှန် ရေးသားဖြန့်ဝေ

ဗန်းမော်မြို့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူများထိခိုက်သေဆုံးခဲ့ကြောင်း မဟုတ်မမှန် ရေးသားဖြန့်ဝေ

Share this post

နေပြည်တော်၊ မတ် ၁၄

 

ကချင်ပြည်နယ်ရှိ မြစ်ကြီးနား-ဗန်းမော် လမ်းတစ်လျှောက်တွင် လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ် စခန်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို KIA နှင့် PDF အမည်ခံအကြမ်းဖက်သမားများက နှောက်ယှက်တိုက် ခိုက်လျက်ရှိသည့်အတွက် မတ်လ ၇ ရက်နေ့မှစ၍ ဗန်းမော်မြို့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် မိုင်းကာကျေးရွာ၊ မိုးစိမ်းကျွန်းကျေးရွာ၊ စင့်ကင်ကျေးရွာနှင့် ကမ်းနီကျေးရွာများက ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း သောင်းကျန်းသူ အဖွဲ့အစည်း၏ ဝါဒဖြန့်သတင်းများ၊ သတင်းတု၊ သတင်းအမှားများ ဖြန့်ဝေနေသည့် သတင်း Page များတွင် မဟုတ်မမှန်စွပ်စွဲ ရေးသားထားသည်ကို တွေ့ရှိရကြောင်း သိရသည်။

 

အဆိုပါသတင်းနှင့်ပတ်သက်၍ ဒေသခံပြည်သူတစ်ဦး၏ ပြောကြားချက်အရ ဗန်းမော်မြို့ရှိ လုံခြုံရေးတပ် စခန်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက်သမားက လက်နက်ကြီးများဖြင့် ချောင်းမြောင်းပစ်ခတ် ခြင်းများသည် ဗန်းမော်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများကို ကျရောက်ပေါက်ကွဲလျက်ရှိပြီး ဒေသခံပြည်သူများ ထိခိုက်သေဆုံးခဲ့ရကြောင်း သိရသည်။

 

သောင်းကျန်းသူအဖွဲ့အစည်း၏ ဝါဒဖြန့်သတင်းများ၊ သတင်းတု၊ သတင်းအမှားများဖြန့်ဝေနေသည့် မီဒီယာ အမည်ခံသတင်း Page များသည် ပြည်သူများ အမုန်းပွားစေမည့် အကြောင်းအရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အပေါ် အထင်အမြင်လွဲမှားစေမည့် လုပ်ကြံသတင်းများဖြင့် ပြည်သူများကိုနေ့စဉ်နှင့်အမျှ သတင်း အဆိပ်ခတ် လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post