• Follow Us on
Latest News

Home ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် စစ်သွေးကြွ PDF နှင့် AA လက်နက်ကိုင်အဖွဲ့ သေဆုံးမှု များပြားဟုဆို

ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် စစ်သွေးကြွ PDF နှင့် AA လက်နက်ကိုင်အဖွဲ့ သေဆုံးမှု များပြားဟုဆို

Share this post

မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၄

 

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း၌ တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်လျက်ရှိရာတွင် PDF နှင့် AA လက်နက်ကိုင် အဖွဲ့အစည်းမှ လူငယ်၊ လူလတ်ပိုင်းများ သေဆုံးမှုများပြားလျက်ရှိကြောင်း ဗန်းမော်စစ်ရေးသတင်း ရင်းမြစ်တစ်ဦးက ဆိုသည်။

 

“ပြီးခဲ့တဲ့ ဒီဇင်ဘာလေးရက်နေ့ထဲက ဖြစ်လာတဲ့ တိုက်ပွဲတစ်လျောက်မှာ နှစ်ဖက်ကျဆုံးမှုတွေတော့ ရှိကြမယ်။ သို့ပေမယ့် သေဆုံးသူအများဆုံးစာရင်းကို ကြည့်မယ်ဆိုရင် အောက်ပိုင်းကလာကူကြတဲ့ PDF လူငယ်တွေ များတယ်။ ပြီးတော့ AA ရခိုင်လူမျိုးတွေ သေဆုံးမှုများကြတယ်။ KIA တွေက စစ်ပါးဝနေကြပြီလေ။ PDF လူငယ်တွေကို နောက်ကနေ ကြိုးကိုင်တိုက်ခိုင်းမှတော့ သူတို့က သေဆုံးမှုလူဦးရေ မရှိသလောက် နည်းပါးနေတယ်” ဟု ၎င်းကပြောသည်။

 

အဆိုပါ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း၌ KIA နှင့်အတူ AA၊ KPDF တပ်ဖွဲ့ဝင်များ၊ ကျောင်းသားတပ်မတော် (ABSDF) အပါအဝင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များလည်း ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။

 

ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် KIO၊ KIA လက်နက်ကိုင်အဖွဲ့အစည်းဘက်မှ သေဆုံးမှုများပြားလျက်ရှိနေ၍ ကချင်ပြည်နယ်အတွင်းက မြို့နယ်၊ ကျေးရွာများတွင် လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်းများ ရှိနေသည့်အပြင် ဗန်းမော်မြို့နယ်အတွင်းက သက်ကြီးအရွယ်များအထိ လူသစ်စုဆောင်းနေပြီး၊ MEC ဖုန်းဆင်းကဒ်များကို အတင်းအဓမ္မ လိုက်လံ သိမ်းဆည်း‌နေကြောင်း သိရသည်။

 

KIO၊ KIA လက်နက်ကိုင်အဖွဲ့အစည်းမှ ဗန်းမော်မြို့အား အလုံးစုံ သိမ်းဆည်းနိုင်ရေးအတွက် လူအင်အား၊ လက်နက်အင်အား ဖြည့်တင်းမှု ပြုလုပ်နေမှုအပေါ် တပ်မတော်မှလည်း လေကြောင်းပစ်ကူ၊ အဆင့်မြင့်ဒရုန်းများကိုပါ အသုံးပြု ခုခံတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

 

ဗန်းမော်မြို့သိမ်းတိုက်ပွဲကာလ နှစ်လကျော်ကြာ ကာလတွင်း၌ KIA မှ တပ်မတော်စခန်းများဖြစ်သည့် အမှတ်( ၇၀၀၆ ) သံချပ်ကာတပ်ရင်း၊ အမှတ်( ၃၆၆) အမြောက်တပ်ရင်း (အမတ – ၃၆၆) ၊ အမှတ် (၅၀၁၄ ) တင့်ကားတပ်ရင်း(တကရ – ၅၀၁၄) တို့ကို သိမ်းပိုက်ထားနိုင်ပြီး၊ ကျန်ရှိသည့် တပ်ရင်းများကိုလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

 

ရန်ကျော်

 

#PeopleMedia


Share this post