• Follow Us on

Home ဗန်းမော်မြို့အတွင်းသို့ KIA/KPDF များက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် သံဃာတော် ၂ ပါး ပျံလွန်တော်မူခဲ့ပြီး သံဃာတော် ၃ ပါး၊ ကိုရင် ၃ ပါးနှင့် လူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိ

ဗန်းမော်မြို့အတွင်းသို့ KIA/KPDF များက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် သံဃာတော် ၂ ပါး ပျံလွန်တော်မူခဲ့ပြီး သံဃာတော် ၃ ပါး၊ ကိုရင် ၃ ပါးနှင့် လူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ ဩဂုတ် ၁၃

 

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ မြို့မရပ်ကွက်ရှိ ဓမ္မပါလလယ်ပေါ်ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်းသို့ ယမန်နေ့မွန်းလွဲပိုင်းတွင် KIA နှင့် KPDF အကြမ်းဖက်သောင်းကျန်းသူများ ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံး ၁ လုံးကျရောက်ပေါက်ကွဲမှုကြောင့် အဆိုပါကျောင်းတိုက်အတွင်း သီတင်းသုံးနေသည့် သံဃာတော် ၂ ပါး ဗုံးစ ထိမှန်၍ ပျံလွန်တော်မူခဲ့ပြီး သံဃာတော် ၃ ပါး၊ ကိုရင် ၃ ပါးနှင့် အပြစ်မဲ့ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ KIA နှင့် KPDF အကြမ်းဖက်သောင်းကျန်းသူများသည် ဗန်းမော်မြို့နယ်အတွင်း စစ်ရေးပစ်မှတ် မဟုတ်သည့် ဌာနဆိုင်ရာအဆောက်အဦနှင့် လူနေအိမ်များအား လက်နက်ကြီးများ၊ ရှော့တိုက်ဒုံးများဖြင့် အဝေးမှနေ၍ ပစ်ခတ်တိုက်ခိုက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ ၁၂ နာရီခန့်တွင် အဆိုပါအကြမ်းဖက်သောင်းကျန်း သူများ ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံး ၁ လုံးသည် မြို့မရပ်ကွက်ရှိ ဓမ္မပါလလယ်ပေါ်ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်းရှိ မြနှင်းဆီကျောင်းဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

 

ထို့သို့ ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲမှုကြောင့် အဆိုပါကျောင်းဆောင်အတွင်း သီတင်းသုံးနေသော သံဃာတော် ၂ ပါး ဗုံးစထိမှန်ဒဏ်ရာများရရှိကာ ပျံလွန်တော်မူခဲ့ပြီး သံဃာတော် ၃ ပါး၊ ကိုရင် ၃ ပါးနှင့် အပြစ်မဲ့ပြည်သူ ၃ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ဗန်းမော်မြို့ ပြည်သူ့ ဆေးရုံသို့ လူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်ဖြင့် ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post