• Follow Us on
Latest News

Home ဗဟန်းမြို့နယ်တွင် နေအိမ်မီးလောင်၍ အမျိုးသမီး ၂ ဦး သေဆုံးခဲ့

ဗဟန်းမြို့နယ်တွင် နေအိမ်မီးလောင်၍ အမျိုးသမီး ၂ ဦး သေဆုံးခဲ့

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၉

 

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၂)ရပ်ကွက်၊ အင်းယားမြိုင်လမ်းတွင် ယနေ့ နံနက် ၁၀ နာရီကျော်အချိန်က နေအိမ်မီးလောင်၍ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

 

“နှစ်ယောက်သေတာ ဟုတ်တယ်။ ဘယ်အရွယ်လည်းဆိုတာတော့ ပို့ထားတာတော့ရှိတယ်။ သေချာပြန် မကြည့်ရသေးတော့ မသိဘူး” ဟု မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

 

နေအိမ်မီးလောင်၍ မီးခိုးမွှန်းကာ လူနာအဘွားအို ၁ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ခြင်းဖြစ်ပြီး၊ သေဆုံးသူ အလောင်းများကို ဆေရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post