• Follow Us on
Latest News

Home ဗဟိုဘဏ်ကို ဖိအားပေးဖို့ ကြိုးစားမှာမဟုတ်ပေမဲ့ ပြည်သူတွေရဲ့စိုးရမ်ပူပန်မှုကို အလေးထားရမှာဖြစ်ကြောင်း ဆရက်ထာပြော

ဗဟိုဘဏ်ကို ဖိအားပေးဖို့ ကြိုးစားမှာမဟုတ်ပေမဲ့ ပြည်သူတွေရဲ့စိုးရမ်ပူပန်မှုကို အလေးထားရမှာဖြစ်ကြောင်း ဆရက်ထာပြော

Share this post

နိုင်ငံတကာ၊ မေ ၆

 

အစိုးရအနေဲ့ ထိုင်းဗဟိုဘဏ်ကိုလေးစားပြီး ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးကို ဖိအားပေးဖို့ ကြိုးစားမှာမဟုတ်ပေမဲ့ ပြည်သူက ဘဏ်တိုးနှုန်းလျှော့ချစေချင်တဲ့အကြောင်းကို ပြောဆိုခဲ့တဲ့ ပေထောင်တန်ရှင်နာဝပ်ရာအပါအဝင် ပြည်သူတွေအနေနဲ့ ၎င်းတို့ဆန္ဒကို လွတ်လပ်စွာပြောဆိုခွင့်ရှိကြောင်း ထိုင်းဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်က ပြောကြားလိုက်ပါတယ်။

 

ထိုင်းဗဟိုဘဏ်ဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် အနှောင့်အယှက်ဖြစ်နေတယ်ဆိုတာကို မြို့နယ်၊ ရပ်ကွက်အသီးသီးက ပြည်သူတွေထံက ဝေဖန်ပြောကြားနေကြကြောင်း သောကြာနေ့ (မေလ ၃ ရက်နေ့) က ဖီယူထိုင်းပါတီခေါင်းဆောင် ပေထောင်တန်က ပြောပါတယ်။

 

ပေထောင်တန်ဟာ ပြည်သူတွေထံ ကွင်းဆင်းလေ့လာခဲ့တာဖြစ်တဲ့အတွက် လူထုကြားမှာ ဘဏ်တိုးနှုန်းနဲ့ ပတ် သက်ပြီး စိုးရိမ်ပူပန်မှုတွေ သိသိသာသာ မြင့်တက်နေတာကို ငြင်းပယ်လို့ မရကြောင်း၊ ၎င်းရဲ့ပြောကြားမှုဟာ လူထုဆန္ဒကို တုံ့ပြန်တာဖြစ်ကြောင်း ဝန်ကြီးချုပ်ဆရက်ထာက တနင်္ဂနွေနေ့က ပြောပါတယ်။

 

ဗဟိုဘဏ်ရဲ့ လွတ်လပ်မှုကို နားလည်ပြီး နိုင်ငံတော်ဘဏ်နဲ့ အတူတကွလက်တွဲလုပ်ဆောင်ဖို့ ကြိုးပမ်းနေပေမဲ့ တောင်းဆိုချက်တွေရှိလာရင် ပြောပြရမှာဖြစ်သလို အထူးသဖြင့် ဘဏ်တိုးနှုန်းလျှော့ချသင့်သလားဆိုတာနဲ့ပတ် သက်ပြီး ဆွေးနွေးသွားရမှာဖြစ်ကြောင်း ဆရက်ထာက ပြောပါတယ်။

 

ဒါပေမဲ့ ဘဏ်တိုးနှုန်းမလျှော့ဖို့အတွက် ဗဟိုဘဏ်မှာလည်း အကြောင်းပြချက်တွေရှိနေတယ်လို့ ယုံကြည် ကြောင်း ၎င်းက ပြောပါတယ်။

 

ဒါ့ကြောင့် ငွေတိုးချေးစားသူတွေကို အကြွေးပြန်ဆပ်ရတဲ့ကိစ္စတွေမှာ ကိုင်တွယ်ဆောင်ရွက်ရေးနဲ့ အတိုးနှုန်း လျှော့ချထားပြီးဖြစ်တဲ့ ပုဂ္ဂလိကဘဏ်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ရေးအပါအဝင် ၎င်းအနေနဲ့ အစိုးရမူဘောင်အ တွင်းက ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဆရက်ထာက ပြောပါတယ်။

 

“အစိုးရဝန်ထမ်းတွေဖြစ်စေ၊ ဘဏ္ဍာရေးအင်စတီကျူးရှင်းတွေဖြစ်စေ၊ နိုင်ငံရေးသမားတွေဖြစ်စေ၊ လွှတ်တော်အ မတ်တွေဖြစ်စေ၊ ပါတီအလုပ်အမှုဆောင်တွေဖြစ်စေ လူတိုင်းက ပြည်သူ့အကျိုးအတွက် တာဝန်ထမ်းဆောင်နေ ကြတာဖြစ်လို့ ပြဿနာအမျိုးမျိုးကို ကျွန်တော့်အနေနဲ့ ဆက်လက်နားထောင်သွားမှာပဲဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

“ပြဿနာဖြေရှင်းနည်း နည်းလမ်းတွေကတော့ အမျိုးမျိုးရှိနိုင်တာပါပဲ။ လူတိုင်းမှာ ဝေဖန်ပိုင်ခွင့်ရှိသလို လွတ် လပ်စွာပြောဆိုခွင့်လည်းရှိပါတယ်။ သို့သော် ပြည်သူကို အလုပ်အကျွေးပြုနေတဲ့ မူဝါဒကို လိုက်နာပြီး ပြဿနာ ဖြေရှင်းနည်းလမ်းညွှန်ချက်တစ်ရပ်အဖြစ် လူထုရဲ့စိုးရိမ်ပူပန်မှုကို အလေးထားရမှာဖြစ်ပါတယ်။” လို့ ဆရက်ထာ က ပြောပါတယ်။

 

Ref: Srettha denies pressuring BOT but acknowledges interest rate concerns

 

#PeopleMedia


Share this post